Chapter 17 [ Unicode ]

659 83 10
                                        

Edited ✔️

အပိုင်း(၁၇)
အနာခံတတ်ဆုံး၊အ​ကောင်းဆုံးအိမ်မွေးတိရိစ္ဆာန်တစ်​ကောင်။

ကျီချန်ဖုန်းတစ်​ယောက်ရေချိုးပြီးကာစမို့ဖြစ်နိုင်၏။သူ့ခန္ဓာကိုယ်ပေါ်ရှိစျေး​ပေါ​​ပေါဆပ်ပြာနံ့သည်လွန်စွာစူးရှလွန်းလှသည်။ဆံသားတစ်ချို့ကအနည်းငယ်စိုစွတ်နေ​သေးပြီး ချွေးကြောင့်လား၊ရေကြောင့်လား​တော့မသိ​။သူ့ဆံပင်တွေကိုဒီတိုင်း​​လေးဖွာ​နေရင်းနဲ့​တောင်ကျွန်တော့်လက်တွေပါစိုစွတ်လာခဲ့သည်။

သာမန်ကားတစ်စီးတွင်​တောင်အရပ် ၁.၈ မီတာထက်ပိုမြင့်၍ကြီးမား​သောအမျိုးသားနှစ်ဦးသည် သက်​တောင့်သက်သာထိုင်၍မ​နေနိုင်​။ပြိုင်ကားတစ်စီးဆိုလျှင်​ပြောမ​နေနဲ့​တော့။

အခု​တော့ဆာဒင်းဘူးထဲကငါးသ​လောက်​​တွေလိုကျပ်ပိတ်သပ်စွာ​နေ​နေရ၏။

ကားသားရေထိုင်ခုံပေါ်မှာဒူးနှစ်ဖက်နဲ့​ထောက်ထားရင်းသက်ပြင်းချလိုက်မိသည်။အနှီ​မှောင်မည်း​နေ​သောလမ်းဟာအချိန်မရွေးလမ်းသွားလမ်းလာတွေရှိလာနိုင်ပြီး၊ကျီချန်ဖုန်းပြန်လာတာကိုအကြာကြီးစောင့်ပြီးမှမ​​ပေါ်လာ​သေးသဖြင့်အခြေအနေကိုစစ်ဆေးရန် ယန်ရှန့်ဟွားကလည်းအချိန်မရွေး​ပေါ်လာနိုင်​ပေသည်။

×××××××××××××
[ TN// Mature Words and Scenes ahead // read at your own risk ]

[ ကားရယ်​တော့မဟုတ်​သေးတာမို့ဖတ်ကြည့်ချင်သူများလည်းဖတ်လို့ရပါတယ်။ မဖတ်ချင်တဲ့သူ​တွေအတွက်လည်း ​​ဒီ scenes ​တွေပြီးသွားရင် TN ​လေးပြန်​​ရေး​ပေးထားပါ့မယ်။ အဲ့​နောက်ပိုင်းကစဖတ်ပါ... ]
×××××××××××××

ကိုးနာရီတောင်မထိုးသေးသဖြင့်နောက်ကျ​နေပြီဟုလည်း​ပြော၍မရ​။​အောက်တွင်ကျ​နေသည့်မှန်ကွဲစ​တွေကိုလဲမရှင်းရ​သေး​ပေ။

ကျွန်​တော်တို့နှစ်​ယောက်သားအတူရှိ​နေတဲ့တည်နေရာ၊ပတ်ဝန်းကျင်၊အချိန်၊အရာအားလုံးကိုထည့်တွက်လျှင်ဘယ်အရာကမှမှန်​နေတာမဟုတ်မှန်းဦးနှောက်ကရှင်းရှင်းလင်းလင်းသိပေမယ့်ခန္ဓာကိုယ်က​တော့လုံးဝရပ်တန့်နိုင်စွမ်းမရှိကာ တစ်ခုခုကို​တောင့်တ​နေ​သေးသည့်အလားပင်။

တစ်ကိုယ်​ကောင်းဆန်​သော ဗီဇ《 ဘာသာပြန် 》一念之私 The Selfish GeneМесто, где живут истории. Откройте их для себя