Part-1

185K 5K 144
                                    

L❤VE in the 1st sight
(Part-1)

"Shit"

နေပူပူကိုမော့ကြည့်ပြီးဟိန်းထက်ယံတစ်ယောက်
ခပ်တိုးတိုးရေရွတ်လိုက်မိသည်..

ဒီနေ့Fresher Welcomeမသွားဘူးလို့
ဆုံးဖြတ်ပြီးကာမှEC
ကအတင်းကိုphဆက်ပြီး
လာခိုင်းသည်မို့စိတ်ကသိပ်မကြည်ချင်

ဒီနှစ် Fresher Welcomeကို
အကြီးအကျယ်ပြင်ဆင်ထားသည့်အပြင်

King Selectionထဲမှာထည့်ထားသည်မို့
လာဖြစ်အောင်လာပေးပါတဲ့

အေးပေါ့လေ ကိုယ်ကKingလဲ king
ဆိုတော့😌
တကူးတကကိုဖိတ်ရသည်ပေါ့

စိတ်ကြီးကနဲနဲဝင်ချင်သွားသေးသည်

ဒါတောင်ကမန်းကတန်းနှင့်
ထွက်ခဲ့ရသည်မို့ဘာမှသိပ်မပြင်ခဲ့ရသော်ညားလည်း

G&Gက မှန်မှာတော့
မြင့်မားလွန်းသောအရပ်

ဒါပေါ့လေ ..
မြန်မာပြည်လိုနိုင်ငံမျိုးမှာတော့
၅ပေ ၁၀လက်မဆိုတာနည်းတဲ့အရပ်မှမဟုတ်တာ

Musclesတွေအများကြီးရှိတယ်မဟုတ်ပေမဲ့
သူ့ဟာနဲ့သူကြည့်ကောင်းနေတဲ့ခန္ဓာကိုယ်

နီညိုရောင်မကျတကျဆံပင်တွေကို
ဘေးစောင်းထောင်ထားလေသည်

နှာတံပေါ်ပေါ်
နူတ်ခမ်းပါးပါးနှင့်သန့်ပြန့်နေသည့်
ကိုယ့်ရုပ်သွင်ကိုကိုယ်ပြန်ကြည့်ပြီး
ကျေနပ်သွားမိသည်

လက်ပတ်နာရီကိုလှမ်းကြည့်လိုက်တော့
နာရီလက်တံက ၁၀နာရီခွဲသို့

သေစမ်း!၁၀နာရီအရောက်လာခိုင်းထားသည်ကိုမှ

မရောက်ဘူးဆိုရင် ECမ က ပွစိပွစိပြောအုံးမည်
ECထီးကအဲ့လောက်မဟုတ်..

ECမထံတွင် အပွားခံရမည့်အကြောင်းကို
တစ်ဆက်တည်းစဉ်းစားလိုက်မိတော့
G&G ရှေ့က မှန်မှခွာကာသုတ်ခြေတင်ပြေးရသည်

"Baby..I'm Perfect"

ပြောရင်းဆိုရင်း One direction၏
Perfect songက ထမြည်လေပြီ..

မကိုင်ဘူးဆိုရင်လဲခေါ်လို့ပြီးတော့မှာမဟုတ်

"Perfect for u.."

"Hello.."

"...@$&=^*(^@$*"

တစ်ဖက်မှာစာကလေးသိုက်ပျက်သလိုထွက်လာသည့်
အသံများကြောင့်
ဖုန်းနှင့်နားကိုဆတ်ခနဲခွာလိုက်ပြီး
ကိုယ်နားကိုယ်ပြန်ပွတ်နေမိသည်..

L❤VE in the 1st sight(Completed)Where stories live. Discover now