Leaving the best memories👣

32.2K 1.9K 201
                                    

"အရှင့်ဘုရား..ဤကဲ့သို့သောမုန့်လှူရခြင်း
အကျိုးအားကြောင့် တပည့်တော်မ၏သူငယ်ချင်း
ဖြစ်သူ ဟိန်းထက်ယံ Tပါစေ အရှင်ဘုရား..
Tပါစေအရှင်ဘုရား.."

ဘုရားစင်ရှေ့ ပုဆစ်တုပ်လေးထိုင်
မျက်လုံးလေးမှိတ်
နူတ်ခမ်းကတလူပ်လူပ်တရွရွနှင့်
အားကြိုးမာန်တက် ဆုတောင်းနေသော နှင်းပွင့်မ...

သွားရှာပြီ..ငါတို့သူငယ်ချင်းကြီးတော့..
ကိလေသာတွေကုန်ခမ်းနေတဲ့
ဘုရားဆီမှာ သောက်ပေါက်တတ်ကရတွေ
ဆုတောင်းရတယ်လို့..

ဒယ်အိုးနဲ့တော့တကယ်နီးနေတာ
မြင်ယောင်သေး..
တွေးရင်း
မေလေးနှင့်မြတ်မွန်နှစ်ကောင်သား
တကျွတ်ကျွတ်နဲ့စုတ်သပ်မိသည်..

သုံးယောက်လုံးတူတူနေသောအိမ်လေးမှာ
နှင်းပွင့်တစ်ကောင်သာကွက်ပြီး
ဒီနေ့မှဘုရား တရားတွေစွတ်စပ်သိတတ်နေခြင်း

"ဟဲ့..ဘုရား က ညလယ်စာမစားဘူးလေ.."

ရွဲ့တဲ့တဲ့လေသံနှင့်လှမ်းပြောသော
မေလေးစကားကြောင့်နှင်းပွင့် မျက်လုံးလေး
ဖျတ်ခနဲပွင့်သွားပြီး

ဟုတ်သား..ဘုရားကညလယ်စာမှမစားတာ..

"အို..ဘယ်လိုဖြစ်ဖြစ်..
ငါအခုကြိုကပ်ထားတာ..မနတ်ကျရင်
စားမှာပေါ့.."

နှင်းပွင့်ဆူဆောင့်ဆောင့်အသံလေးနဲ့ပြောတော့
မြတ်မွန် ကနူတ်ခမ်းတစ်ချက်ရွဲ့လိုက်ပြီး..

"ဒီမှာ..မမ..ငါတို့ကအခုဘဲဖုန်းဆက်တော့မှာ
မနတ်ထိမစောင့်နိုင်ဘူး.."

နှင်းပွင့်လက်အုပ်ချီထားရာမှ
ကမန်းကတန်း မြတ်မွန်တို့ဘက်လှည့်လိုက်ပြီး

"ဟင်...မနတ်မှဆက်ပါလားဟင်??
နင်တို့ကလဲငါ့အလှူလေးဒါနမြောက်သွားရအောင်.."

"No..ပါ.!!."

မျက်နှာငယ်လေးနဲ့ပြောလာတဲ့နှင်းပွင့်ကို
နှစ်ယောက်လုံးကခေါင်းလေးတခါခါနဲ့
ပြောသည်မို့ နှင်းပွင့်မျက်နှာလေးဇီးရွက်လောက်
သာကျန်တော့သည်..

အဲ့မိန်းမတွေကလည်း
ပြောလို့ရမည့်ပုံမပေါ်..

ဟိုအကောင်ကလည်း ဟိုကလေးမျက်စောင်း
တစ်ချက်မှာတင် လမ်းကြိတ်စက်နဲ့
တက်နင်းခံသလိုကိုပြားပြားဝပ်သွားတတ်ပုံနဲ့..

L❤VE in the 1st sight(Completed)Where stories live. Discover now