တိုက်ခန်းထဲသို့ဝင်လာပြီးသည်နှင့်
ဟိန်းထက်ယံ အရင်ဆုံးဦးတည်လိုက်မိသည့်နေရာက
ဘေစင်ဆီ...ဘေစင်ကိုလက်နှင့်ကုန်းထောက်ပြီး
"ဝေါ့.....ဝေါ့....ဝေါ့..."စားထားသမျှခေါက်ဆွဲဖတ်တွေအကုန်လုံးက
အချောင်းလိုက်ကို ပါးစပ်ထဲက
ပြန်ထွက်လာသည်.."ကူပွန် ၆စောင်တောင်ရတယ်...ရေ့..ရေ့.."
ကူပွန်လက်မှတ်၆စောင်ကိုင်ပြီး
တစ်ကိုယ်လုံးချာလပတ်လည်ပြီးကို
ခုန်ပေါက်နေသည့်
အဲ့ကလေးကိုဟိန်းထက်ယံ
အန်နေရင်းနဲ့မှ ဘုကြည့်တစ်ချက် ကြည့်
လိုက်သည်.."ပျော်နေတယ်ပေါ့လေ..ဟုတ်...
ဝေါ့....."ပြောနေတာမှမဆုံးသေး
ဗိုက်ထဲကခေါက်ဆွဲတွေကအစာမကြေသေးဘဲ
ပြန်ပြီးပျို့တက်လာသည်
မို့ပြန်ကုန်းအန်နေရသေးသည်..သက်ဝေယံ ကူပွန်လက်မှတ် ၆စောင်ကို
Kissလေးတစ်ချက်ပေးလိုက်ပြီး
ကျောပိုးအိတ်ထဲထည့်လိုက်ပြီးမှ
အကြီးအကျယ်ကို ကုန်းအန်နေသည့်
ဟိန်းထက်ယံနားသွားကာ.."ဖြည်းဖြည်း...ဖြည်းဖြည်း..
ကျွန်တော့်ကိုပြောချင်လဲနောက်မှပြော..
အခုအရင်အန်လိုက်..
တော်ကြာခေါက်ဆွဲဖက်စို့ပြီးသေနေအုံးမယ်.."သူ့ကျောကုန်းကိုခပ်ဖွဖွလေးနှိပ်ပေးရင်း
ပြောလိုက်သည်...နားတစ်ဖက်ထဲသို့ စီးဝင်လာတဲ့
အဲ့ကလေးရဲ့ပြီတီတီအသံကြောင့်
ဟိန်းထက်ယံသူ့ကို
မျက်မှောင်တစ်ချက်ကုတ်ကြည့်လိုက်တော့"အဲ့လိုလာမကြည့်နဲ့..
ခင်ဗျားသဘောတူလို့ခင်ဗျားစားတာ
အတင်းထိုးမကျွေးဘူး.."နူတ်ခမ်းကိုစူထော်ထော်လုပ်ရင်းပြောနေလေသည်
ထားပါတော့..!ထားပါတော့..!
ပြန်ရန်ဖြစ်နိုင်ဖို့အားတွေလဲမရှိတော့ဘူး..အဲ့ကလေးကသူ့ကိုချစ်ရင်
Ramen ၃ပွဲစာကို မိနစ် ၂၀တည်းနဲ့
ရအောင်စားပြပါဆိုလို့
မကုန်ကုန်အောင်အတင်းကြိတ်မှိတ်စားခဲ့တဲ့
ကိုယ့်ကိုယ်ကိုဘဲအပြစ်တင်လိုက်တော့သည်..အချစ်သူရဲကောင်းကြီးလုပ်ချင်တာ..ခံလိုက်အုံး!!
"ဝေါ့....!!"
တွေးနေရင်းနဲ့ကို ဟိန်းထက်ယံ
ဘေစင်ထဲပြန်ပြီးခေါင်းစိုက်နေလေသည်
आप पढ़ रहे हैं
L❤VE in the 1st sight(Completed)
हास्य-विनोदUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...