Part-1 (Unicode)

39.6K 2K 19
                                    


"Shit"


နေပူပူကိုမော့ကြည့်ပြီးဟိန်းထက်ယံတစ်ယောက်ခပ်တိုးတိုးရေရွတ်လိုက်မိသည်။ ဒီနေ့Fresher Welcomeမသွားဘူးလို့ဆုံးဖြတ်ပြီးကာမှECကအတင်းကိုphဆက်ပြီးလာခိုင်းသည်မို့စိတ်ကသိပ်မကြည်ချင်။ ဒီနှစ် Fresher Welcomeကိုအကြီးအကျယ်ပြင်ဆင်ထားသည့်အပြင်King Selectionထဲမှာထည့်ထားသည်မို့ လာဖြစ်အောင်လာပေးပါတဲ့။ 


အေးပေါ့လေ ကိုယ်ကKingလဲ kingဆိုတော့တကူးတကကိုဖိတ်ရသည်ပေါ့။


စိတ်ကြီးကနဲနဲဝင်ချင်သွားသေးသည်။ဒါတောင်ကမန်းကတန်းနှင့်ထွက်ခဲ့ရသည်မို့ဘာမှသိပ်မပြင်ခဲ့ရသော်ညားလည်းG&Gက မှန်မှာတော့မြင့်မားလွန်းသောအရပ်။ 


ဒါပေါ့လေ ..။မြန်မာပြည်လိုနိုင်ငံမျိုးမှာတော့၅ပေ ၁ဝလက်မဆိုတာနည်းတဲ့အရပ်မှမဟုတ်တာ။ Musclesတွေအများကြီးရှိတယ်မဟုတ်ပေမဲ့သူ့ဟာနဲ့သူကြည့်ကောင်းနေတဲ့ခန္ဓာကိုယ်။ နီညိုရောင်မကျတကျဆံပင်တွေကိုဘေးစောင်းထောင်ထားလေသည်။နှာတံပေါ်ပေါ်နူတ်ခမ်းပါးပါးနှင့်သန့်ပြန့်နေသည့် ကိုယ့်ရုပ်သွင်ကိုကိုယ်ပြန်ကြည့်ပြီးကျေနပ်သွားမိသည်။ 


လက်ပတ်နာရီကိုလှမ်းကြည့်လိုက်တော့နာရီလက်တံက ၁ဝနာရီခွဲသို့။ 


သေစမ်း!၁ဝနာရီအရောက်လာခိုင်းထားသည်ကိုမှမရောက်ဘူးဆိုရင် ECမ က ပွစိပွစိပြောအုံးမည်။ ECကအဲ့လောက်မဟုတ်။ ECမထံတွင် အပွားခံရမည့်အကြောင်းကိုတစ်ဆက်တည်းစဉ်းစားလိုက်မိတော့G&G ရှေ့က မှန်မှခွာကာသုတ်ခြေတင်ပြေးရသည်။


"Baby..I'm Perfect"

ပြောရင်းဆိုရင်း One direction၏Perfect songက ထမြည်လေပြီ။ မကိုင်ဘူးဆိုရင်လဲခေါ်လို့ပြီးတော့မှာမဟုတ်။ 

"Perfect for u.."


"Hello.."


"...@$&=^*(^@$*"


တစ်ဖက်မှာစာကလေးသိုက်ပျက်သလိုထွက်လာသည့်အသံများကြောင့် ဖုန်းနှင့်နားကိုဆတ်ခနဲခွာလိုက်ပြီးကိုယ်နားကိုယ်ပြန်ပွတ်နေမိသည်။ 

L❤VE in the 1st sight(Completed)Where stories live. Discover now