Part-8 (Unicode)

10.4K 1.1K 9
                                    


"Juju ရေ.."


"ငင့်..ဘုရား..ဘုရား"


ကျောင်းဂိတ်ပေါက်ဝမှဝင် ဝင်လာချင်းလူကိုမမြင်ရသေး...စူးရှရှအသံကိုကြားလိုက်ရတည်းကသက်ဝေယံယောင်ပြီးဘုရားတမိလိုက်သည်အထိ။Juniorဆိုသည့်စကားလုံးထဲမှJuတစ်လုံးကိုသာထုတ်ပြီးနှစ်ကြိမ်ထပ်ကာJujuဟုခေါ်တတ်သည်မှာ ထိုအမတစ်ယောက်သာရှိသည်လေ..။လူကတော့မတွေ့သေး။အသံဘဲကြားရသေးသည်မို့ ဘယ်နားကိုဘယ်လိုလွတ်အောင်ပြေးရမည်မသိ။ဟိုဟိုဒီဒီကြည့်လိုက်မိတော့ကန်တင်းရှေ့ကသစ်ပင်အောက်မှာသက်ဝေယံဆီကိုလက်လှမ်းပြနေသည့်အမမြတ်မွန်ကိုတွေ့လိုက်ရလေသည်။လူကိုတွေ့သည်နှင့် အတင်းပင်ဆွဲလားရမ်းလားလုပ်..ပါးတွေကိုဆွဲညစ်ပြီးဘာတွေပြောလို့ပြောနေမှန်းမသိအောင်ပေါက်ပေါက်ဖောက်တတ်သည့်အမမြတ်မွန်သည်သက်ဝေယံလန့်ရသည့်အထဲမှတစ်ယောက်အပါအဝင်ဖြစ်သည်..။အခုတည့်ကြီးတိုးနေတော့ရှောင်ထွက်သွားလို့ကလည်းမကောင်းတော့။ သက်ဝေယံခမျာလည်းလူကိုမြင်သည်နှင့်မိန်းကလေးလိုအတင်းဝတ်ခိုင်းသော..Senpai ECကိုလဲ လန့်ရသည်။တွေ့တာနဲ့အစိမ်းလိုက်ဝါးစားမတတ်ကြည့်သောဟိုလူကြီးကိုလဲလန့်ရသည်။။ဖြစ်နိုင်ရင် ကျောင်းတောင်ချက်ချင်းပြောင်းပြေးချင်စိတ်ပေါက်နေသည်။ဟိုလူကြီးဆိုတော့မှ


ငါမင်းကိုချစ်တယ်


အား..မေ့စမ်း..သက်ဝေယံ..မေ့စမ်း။အဲ့အရူးလိုလူကြီးစိတ်ရူးပေါက်တိုင်းလျှောက်ပြောတာကိုမေ့ပစ်လိုက်။ပါးနှစ်ဖက်ကိုလက်နှစ်ဖက်နှင့်ခပ်ဖွဖွရိုက်ရင်းကိုယ့်ကိုယ်ကိုပြန်သတိပေးမိလိုက်သည်..။


"ဟီး..jujuအားတယ်ဟုတ်??"


အနားသို့ရောက်လာသော အမမြတ်မွန်အားလှည့်ကြည့်လိုက်မိသည်။သက်ဝေယံမော့မကြည့်ရတာဆိုလို့ထိအမတစ်ယောက်တည်းသာရှိတယ်အဲ့အမအရပ်ကသက်ဝေယံထက်ပုနေတာကိုးဟီး..။


"ဟုတ်..အားပါတယ်ဘာဖြစ်လို့လဲ??senpai "


L❤VE in the 1st sight(Completed)Where stories live. Discover now