Part-30 (Unicode)

8.9K 751 31
                                    

"ဒါကဂျပန်တက္ကသိုလ်ကိုဝင်ခွင့်ရတဲ့အတွက် Cheers.."


သူငယ်ချင်းတွေနဲ့ဟိန်းထက်ယံဖန်ခွက်ချင်းတေ့လိုက်ပြီးမော့သောက်လိုက်တော့..colaရဲ့ချိုတိုတို စူးရှရှအရသာဟာလည်ချောင်းတစ်လျှောက်စီးဆင်းသွားသည်..။


"အရက်သမားကိုရည်းစားမတော်နိုင်ဘူး!!"


ရှေ့မှာထိုင်နေတဲ့ကိုယ်တော်ချောလေးရဲ့လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကကြိမ်းခဲ့တဲ့စကားကြောင့်ဘေးကသူငယ်ချင်းတွေကအတင်းကာရောလိုက်တိုက်နေတာကိုအားနာပေမယ့်လဲအဲ့ကလေးမျက်နှာထားကိုအကဲခတ်ပြီးငြင်းငြင်းနေရတဲ့အဖြစ်..။သူငယ်ချင်းတစ်ယောက်ကသူ့ဘီယာခွက်ကိုဟန်ပါပါမြောက်ရင်း


"ငါတို့ကောင်ကြီးကတကယ်အပိုးကျိူးသွားတာပါကွာ"


"အေးပေါ့..ကောင်လေးချောချောလေးရထားတာဘဲအဲ့လောက်တော့စကားနားထောင်ပေါ့.."


သူငယ်ချင်းနှစ်ယောက်အပြန်အလှန်ပြောတဲ့စကားကိုဟိန်းထက်ယံပြုံးပြီးသာနားထောင်နေလိုက်သည်..။လက်ထဲကcolaခွက်လေးကတော့သနားစရာ..LGBTဆိုတာကိုအခြေအနေတစ်ခုအထိလက်ခံလာပြီဖြစ်တဲ့အချိန်မှာဟိန်းထက်ယံရဲ့အတန်းဖော်သူငယ်ချင်းတွေကလဲအကုန်နားလည်ပေးလာကြသည်..။ပတ်ဝန်းကျင်ဒဏ်ကတော့အထိုက်အလျောက်ခံရပေမဲ့ စိတ်ရူပ်ခံပြီးဂရုစိုက်မနေတော့..။နောက်တစ်ပတ်လောက်နေရင်ဂျပန်သွားရမှာဖြစ်တဲ့အတွက်ကြောင့်နဲနဲရင်းနှီးနေတဲ့သူငယ်ချင်းတွေကိုရွှေကောင်းမှာသီးသန့်အခန်းတစ်ခုနဲ့ကျွေးမွေးနေရခြင်း။ရင်းနှီးနေတဲ့သူငယ်ချင်းဆိုရုံလောက်မို့၁ဝယောက်လောက်သာရှိသည်..။ဝင်းမြင့်ရောနှင်းပွင့်ရောကအိမ်ပြန်နောက်ကျလို့အဆင်မပြေဘူးဆိုပြီးခုနကတင်ပြန်သွားကြပြီ..။Officialဆိုတဲ့အရာကိုမိန်းကလေးတွေဘဲသဲသဲလူပ်အဖြစ်သည်းတယ်ထင်တာအဲ့ကလေးလဲအဖြစ်သည်းတာဘဲ..။သူ့များမခေါ်မိရင် Silentတွဲတာလားဆိုတာကပါလာတာမို့ ခုပွဲလဲသူ့ကိုခေါ်ရသည်..။ခေါ်သာခေါ်ရတာ..။သက်ဝေယံကတော့ဟိန်းထက်ယံအနားမှာမရှိမြတ်မွန်နဲ့မေလေးတို့နှစ်ကောင်ကြားညပ်ထိုင်နေပြီး ..မမတွေရဲ့အချစ်တော်ပီပီဟိန်းထက်ယံရဲ့မိန်းကလေးသူငယ်ချင်းတွေနဲ့တရုံးရုံး။ဘာတွေပြောလို့ပြောနေသည်တော့မသိတခွိခွိရယ်နေပြီးတစ်ချက် တစ်ချက်တော့ဟိန်းထက်ယံဘက်ကိုမျက်လုံးလေးစွေကြည့်တာတွေ့နေရသည်..။

L❤VE in the 1st sight(Completed)Where stories live. Discover now