Love Reborn-4 (Unicode)

7K 491 4
                                    


"ဒီမိန်းခလေးကရုပ်ရည်လေးမဆိုးဘူးနော်မကြီး..တစ်ချက်ကြည့်ကြည့်.."

မငယ်အတင်းထိုးပြလာသော ဓာတ်ပုံကို မကြီးလှမ်းကြည့်သည်..။

"ဒီမိန်းကလေး Bodyကပိုကိတ်တယ်မကြီး.ကြည့်ပေးအုံး .သားသားပိုကြိုက်မလားဘဲ!!"

မလတ်အတင်းထိူးပြသောဓာတ်ပုံကိုလဲ မကြီးလှမ်းကြည့်ရသည်...။နှစ်ယောက်ကြားထဲ မကြီးမျက်စိမလည်တော့!!

"Bodyတို့ရုပ်ရည်တိူ့ထက်ဗိုင်းကောင်းကျောက်ဖိလား မဖိလားသာကြည့်ကြပါ..မငယ်တို့ရယ်..အိမ်မူကိစ္စနိုင်နိုင်းမှဖြစ်မှာလေ.."

မကြီးအပြောကြောင့် မလတ်ရောမငယ်ရော နူတ်ခမ်းလေးတွေတစ်ချက်စူထော်ပြီး ဓာတ်ပုံတွေကိုသာတစ်ခုပြီးတစ်ခုပြန်ကြည့်နေကြသည်..။

ဧည့်ခန်းထဲမှာထိုင်နေရင်း သူတိူ့မောင်ကိုမယားရှာပေးဖို့အရေးနဲ့မိန်းကလေးဓာတ်ပုံတွေနဲ့အလုပ်အရူပ်ကြီးရူပ်နေသော သမီးသုံးကောင်ကိုလှေကားကွယ်ကနေဒေါ်ဝင်းလဲ့ရီမျက်စောင်းသာတစ်ချက်ခဲလိုက်သည်..။

"မကြီး...မလတ်...မငယ်တို့ရေ...!!!"

အာပြဲအောင်အော်ပြီးပျာတိပျာယာနဲ့ပြေးလာတဲ့ပြာကလပ်စိန်ညီမဖြစ်သူမလေးကြောင့် သုံးယောက်သားဓာတ်ပုံတွေကြည့်နေရာမှမော့ကြည့်ကြသည်..။

"ဟဲ့ ..ဟဲ့...ဟဲ့..ဖြည်းဖြည်း.."

ပြေးလာတဲ့ခြေတံရှည်တွေကိုဘရိတ်မအုပ်နိုင်တဲ့မလေးကြောင့် မငယ်ကထပြီး ဖမ်းတားလိုက်ကာဆိုဖာပေါ်ပစ်ချလိုက်ရသည်..။

"မလေးရယ်..ပြီးခဲ့တဲ့နှစ်နှစ်ကခုံကိုအကျော်ကောင်းလို့ဒူးပြဲတာတောင်မမှတ်သေးဘူး..."

မလတ်က မျက်စောင်းဖွဖွလေးထိုးရင်းမလေးကိုလှမ်းပြောသည်..။ဟောဟဲ ဆိုက်နေတဲ့မလေးအမောတောင်မဖြေနိုင်ဘဲ..။

"ဝမ်းသာလို့ပါ..မလတ်ရဲ့..အခုမလေးလေ..သားသားအတွက် အိမ်ထောင်ဖက်ရှာလာပြီးပြီ..သိလား??!!"

မလေးစကားကြောင့် မငယ်ဓာတ်ပူံကတ်သလောက်ကိုဝူန်းဆိုပစ်ချပြီး

L❤VE in the 1st sight(Completed)Where stories live. Discover now