Part-7 (Unicode)

11.2K 1.1K 18
                                    

"ပြောစမ်းပါအုံး..အဲ့အကောင်ဘာဖြစ်လို့လဲ??"


ဝင်းမြင့်phဆက်ခေါ်ထားသဖြင့်အတန်းထဲသို့ ရောက်ချလာသောECသည်ဝင်လာသည်နှင့်တန်းမေးလေသည်။ဟိန်းထက်ယံကိစ္စအားဖြေရှင်းရန်အတွက်ECမကိုပင် ပင့်ဖိတ်လိုက်ရသည်အထိ။


"ဘာဖြစ်လဲ??မဖြစ်လဲဆိုတာအဲ့မှာသာ ကြည့်တော့ EC.."


ဘေးနားမှာငူငူငိုင်ငိုင်နှင့်မလူပ်မယှက်ထိုင်နေသောဟိန်းထက်ယံဘက်သို့ဝင်းမြင့် မေးငေါ့ပြလိုက်တော့


"ဟယ်...ကြည့်စမ်း..ကြည့်စမ်း.."


ECသည်ဟိန်းထက်ယံမျက်နှာကိုငုံ့ကြည့်ပြီး


"နင်အခုမျက်ခွက်ကို Japan majorရဲ့All kingပါလို့ပြောရင်ဘယ်သူယုံမတုန်း..??"


အရူးလို့မထင်ရင်တောင်တော်တော်ကံကောင်း..။အကျႌတွေတွန့်ကြေတာ..ဘာညာအသာထားလိုက်အုံး..။အတန်းထဲစရောက်တည်းကကြမ်းပြင်ကိုသာစိုက်ကြည့်နေသည့်မျက်တွင်းဟောက်ပက်နှင့်ကြောင်တောင်တောင်မျက်လုံးတွေတစ်ခုတည်းနှင့် အရူးလို့သက်သေထူဖို့လုံလောက်နေပြီ..။


"ဟမ် ...ဝင်းမြင့်.အဲ့ကောင်ဘာဖြစ်နေတာလဲ..ငါ့ကိုပြောစမ်း..ငါ့ကိုပြောစမ်း.."


ဟိန်းထက်ယံပုံစံကိုမြင်ပြီးစိတ်မသက်မသာဖြစ်သွားပုံရသည့် ECသည်ဝင်းမြင့်ကိုမေးလေတော့လည်း


"ဒီလို ECရေ.........."


..........."ဘာပြောလိုက်တယ်!!!!!"


ခုံပေါ်သို့လက်ဝါးကိုဗြန်းခနဲရိုက်ချလိုက်ပြီးကုန်းအော်လိုက်သော ECအသံကြောင့်ဝင်းမြင့်တစ်ယောက် လန့်ပြီးတုန်တက်သွားသည်အထိ။


"ဖြည်းဖြည်းလုပ်ပါ ECရယ်..ကော်ရစ်တာမှာဖြတ်လျှောက်တဲ့သူတွေလန့်ကုန်ပါ့မယ်.."

L❤VE in the 1st sight(Completed)Where stories live. Discover now