Part-32(ဇာတ်သိမ်း)

52.3K 2.9K 239
                                    

"အဖေ.."

ချက်ချင်းတခြားတစ်ဖက်သို့မျက်နှာလွှဲသွားသော
အဖေဖြစ်သူကြောင့်
ဆက်ပြောမယ့်စကားတွေကိုဟိန်းထက်ယံခဏတာ
မေ့ပျောက်ကုန်သည်..

မင်း..ငါ့ကို အဖေလို့လာမခေါ်နဲ့လို့
ပြန်မအော်ထုတ်တော့သည်မို့
အခြေအနေကောင်းလာပြီဟုတော့ပြောလို့ရသည်

ဟိန်းထက်ယံသက်ပြင်းခပ်သဲသဲ့လေး
ခိုးရိုက်လိုက်ပြီး
"အဖေ..ညောင်းနေရင်ဒီမှာထိုင်.."

စကားတောင်မဆုံးသေးဘဲ
ဟိန်းထက်ယံလက်ထဲကခုံကိုဆတ်ခနဲ
ဆွဲယူပြီး ထိုင်လေသည်..
မျက်နှာကတော့တစ်ဖက်ကိုလွှဲထားတုန်း..

တစ်ဦးတည်းသောသားက
ယောင်္ကျားယူမယ့်ကိစ္စကဖေဖေ့အတွက်
တော်တော်လေးလက်မခံနိုင်တဲ့ကိစ္စတစ်ရပ်
ဖြစ်ခဲ့တာအမှန်

တောင်ကြီးပြန်တုန်းကအိမ်မှာ
ဝုန်းဒီုင်းတွေပါကြဲကုန်သည်မို့
မေမေသာဝင်မပါရင် သားအဖနှစ်ယောက်လုံး
သတ်ပွဲတွေဖြစ်ကုန်မှာ..

မေမေ့ကိုကြည့်လိုက်တော့ မေမေက ပြုံးပြီး
ဟိန်းထက်ယံဆီကိုကြိတ်ပြီးလက်မထောင်ပြလေ
သည်မို့ မေမေ့ကို ပြန်ပြီးပြုံးပြလိုက်သည်..

ဆင်စွယ်ရောင်ဇာဂါဝန်အကျပ်လေးဟာ
မေမေရဲ့သွယ်လျလျခန္ဓာကိုယ်နဲ့လိုက်ဖက်
လွန်းလှသည်..
အညိုရောင်ဆံပင်တွေကိုနောက်တွဲဆံထုံးဆန်းဆန်း
လေးထုံးထားတဲ့မေမေ့ပုံစံဟာ
အသက်၄၇နှစ်လို့မထင်ရအောင်ကိုနုပျိုလွန်းသည်..

နောက်ဆိုအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့
သဘောနဲ့မေမေကမျက်ခုံးလေးပင့်ပြပြန်သည်
အဲ့လောက်ထိနားလည်ပေးနိုင်လို့ကို
မေမေ့ကိုချစ်ရခြင်း..

"ခိုင်..အဲ့မှာရပ်ပြီးသားကိုကြိတ်မြောက်ပေး
မနေနဲ့!! .အစ်ကိုအကုန်သိတယ်.."

ဖေဖေက မေမေနဲ့ဟိန်းထက်ယံ မျက်လုံးခြင်း
စကားပြောနေတာကိုရိပ်မိသွားသည်မို့
ဟိန်းထက်ယံမှင်သေသေနဲ့ပြန်ငြိမ်နေလိုက်သည်..

မေမေကလေပြေသံလေးနဲ့
"အို..အစ်ကိုကလဲ..စိတ်တွေလျှော့ပါတော့"

"ဘာစိတ်လျှော့ရမှာလဲ??
ငါအဲ့အကောင်ကိုခုချိန်ထိဆွဲထိုးချင်နေတုန်း"

L❤VE in the 1st sight(Completed)Where stories live. Discover now