Part-29 (Unicode)

8.6K 763 9
                                    

"ကိုယ်ခြံရှေ့ရောက်နေပြီ..ထွက်လာတော့.."


"ဟာ..အစောကြီးဘဲ!ကျွန်တော်ခုမှရေချိုးမှာ.."


"မင်းဘဲ၁၁ခွဲအရောက်ဆို??"


"ခင်ဗျားကဘယ်တုန်းကကျွန်တော်ပြောတဲ့အချိန်ရောက်ဖူးလို့လဲ??ခင်ဗျားကိုဆိုနာရီဝက်ကြိုပြောထားရတာ...ခြံရှေ့မှာစောင့်နေ..ကျွန်တော်ပြီးရင်လာခဲ့မယ်!!"


ပြောချင်တာတွေပြောပြီးဖုန်းချသွားပြန်ပြီ..။ဒီနေ့မှကားချောင်လို့စောရောက်တာတို့ဟိုနေ့တွေကကားပိတ်လို့နောက်ကျတာတို့ဟိန်းထက်ယံရှင်းပြချင်ရင်တောင်ရှင်းပြခွင့်မရ။အဲ့ကလေးဆိုသည့်အမျိုးကရေဘူးပေါက်တာနားမလည်ဘူး..ရေပါအောင်သာထည့်ခဲ့ဆိုတာမျိုး..။စောင့်ဆိုတော့လဲဘာတတ်နိုင်မလဲ..??စောင့်ရုံဘဲပေါ့..။အပြာရောင်နှစ်ထပ်တိုက်ပုလေးရဲ့ခြံတံခါးရှေ့မှာ ဟိုဘက်လျှောက်လောက်ဒီဘက်လျှောက်လိုက်..။ညောင်းလာရင် ငုတ်တုတ်ထိုင်လိုက်..။လမ်းဘေးက ခွေးသေးပန်းပင်လေးကိုတို့လိုက်ထိလိုက်..။ခပ်လှမ်းလှမ်းခြံက အယ်ဇေးရှင်းခွေးကြီးမာန်ဖီတာကို ပြန်ပြီး ဘုကြည့်,ကြည့်လိုက်ဒီကြားထဲဖြတ်သွားဖြတ်လာတစ်ချို့ကကွက်ကျိကွက်ကျိလုပ်တာမို့ကိုယ့်ကိုယ်ကို ph back cameraနဲ့ပြန်ကြည့်ရသေးသည်..။အလစ်သုတ်သမားရုပ်များပေါက်နေလားလို့...။


"ကျွီ..."


ခြံတံခါးဖွင့်သံကြောင့်ဟိန်းထက်ယံလှည့်ကြည့်လိုက်တော့ဟိန်းထက်ယံကိုသေချာပြူးပြဲကြည့်နေသည့်အန်တီကြီးတစ်ယောက်..။သက်ဝေယံနဲ့တော်တော်လေးရုပ်ဆင်တာမို့သက်ဝေယံ အမေမှန်း တန်းရိပ်မိလိုက်သည်..။ဖုန်းထဲမှာလဲစကားအတော်အတန်ပြောဖူးသည်ဆိုတော့ဟိန်းထက်ယံလှမ်းပြီးနူတ်ဆက်မလို့ပါးစပ်ပြင်ရုံရှိသေး


"အဲ့မှာ..အညစ်အကြေးစွန့်လို့မရဘူး..."


တိန်!!ပြောချလိုက်တဲ့စကားကြောင့်ဟိန်းထက်ယံပြောမယ့်စကားလုံးတွေလည်ပင်းထဲတစ်ပြီးအပြင်ထွက်မကျလာတော့..။ခုမှဟိန်းထက်ယံသူ့ပတ်ဝန်းကျင်ကိုကမန်းကတန်းသူပြန်ကြည့်မိသည်။ခြံရှေ့ဘဲဆိုပေမဲ့ဘေးနားမှာကလဲချုံပုတ်သေးသေးလေးတွေအပေါ်က ဘာအပင်လဲမသိဘူး..။အပင်တစ်ပင်ရဲ့အကိုင်းကတော်တော်ကြီးညွတ်ကျနေတာ..။ပြီးတော့ဟိန်းထက်ယံထိုင်နေတဲ့ပုံကဆောင့်ကြောင့်လေးမသိတဲ့သူဆိုချုံတိုးတယ်ဘဲထင်မှာဆိုပေမဲ့လဲဒီရုပ်ဒီရည်လေးမှအားမနာ ပါးမနာထင်ရက်လေသည်။ဟိန်းထက်ယံချုံတွေကြားကနေအမြန်တိုးထွက်ပြီးတော့

L❤VE in the 1st sight(Completed)Where stories live. Discover now