Part-21 (Unicode)

8.8K 836 12
                                    

ဘန်နီဖြိုးရဲ့ ငါတို့အတွဲ Ringtoneကြီးကညကြီးမင်းကြီး ထအော်သည်မို့မြတ်မွန် ကုတင်ပေါ်ကနေဘေးကစာကြည့်စားပွဲမှာတင်ထားတဲ့ဖုန်းကိုအိပ်မူံစုံမွှားနဲ့လက်လှမ်းယူလိုက်ရသည်...။ဟို အကောင် ဟိန်းထက်ယံလားမသိ.!!ညမအိပ်တဲ့ဇီးကွက်ကောင်ဆိုလို့အဲ့အကောင်ဘဲရှိသည်..။ဖုန်းscreenကိုကြည့်လိုက်တော့JuJuဆိုတဲ့ Contact nameလေးကအထင်းသား။ဖုန်းscreenအလင်းရောင်ကြောင့်မြတ်မွန်မျက်မှောင်လေးကုတ်ကြည့်လိုက်ရင်းဟင်..JuJu??ဒီကလေးဒီအချိန်ကြီးထိမအိပ်သေးဘူးလား??စားပွဲတင်နာရီကိုလှမ်းကြည့်တော့၁၂နာရီကျော်နေပြီ..။ဖုန်းကိုတစ်ချက်ပွတ်ဆွဲလိုက်ပြီးနား ,နားကပ်လိုက်တော့


"Hello.."


တစ်ဖက်ကထွက်ပေါ်လာတဲ့အသံလေးကတိုးတိုးသေးသေးလေး..။မြတ်မွန်တစ်ချက်သမ်းဝေလိုက်ရင်း


"အင်း..JuJu..အခုထိမအိပ်သေးဘူးလား?"


"အိပ်လို့မပျော်ဘူးဖြစ်နေတယ်.."


"ဘာဖြစ်လို့လဲ??!!ဟိုအကောင်ဟိန်းထက်ယံJujuကိုဘာလုပ်လိုက်လို့လဲ??!!"


တိုးတိတ်လွန်းပြီးကြားနိုင်ရုံအသံဖျော့တော့တော့လေးရဲ့တုံ့ပြန်မူကြောင့်မြတ်မွန်ပက်လက်လှန်လှဲအိပ်နေရာကဆတ်ခနဲထထိုင်ပြီး အလန့်တကြားမေးလိုက်မိသည်..။


"အာ..သူဘာမှမလုပ်ပါဘူး..ကျွန်တော်မေးစရာလေးရှိလို့ပါ.."


တော်ပါသေးရဲ့...။အခုမှမြတ်မွန်သက်ပြင်းလေးကြိတ်ချနိုင်လိုက်ရင်း


"အင်း. ဒါဖြင့်မေးလေ.."


"အဲ့လူကြီးကအရင်ကမိန်းကလေးတွေကိုဘဲတွဲတာလား??"


"အင်း..ဟုတ်တယ်..."


သက်ဝေယံလဲသိသင့်သည်ထင်လို့မြတ်မွန်အမှန်အတိုင်းပင်ပြောလိုက်သည်..။ရည်းစား သက်စေ့ကျော်တာတွေကိုတော့ထည့်ပြောမနေတော့။

L❤VE in the 1st sight(Completed)Where stories live. Discover now