Love Reborn-2

31.1K 2.3K 292
                                    

"မမလေးတို့ရေ...
သားသားရောက်နေပြီ.."

ခြံစောင့်ဦးလေးကြီးအိမ်ရှေ့တံခါးမကြီးကလှမ်းအော်
ပြောသောစကားကြောင့် မကြီး..မလတ်..မငယ်..မလေးတို့အကြည့်တွေက
အကုန်အိမ်ရှေ့တံခါးမကြီးဆီရောက်ကုန်သည်..

"ဟယ်..သားသားရောက်ပြီတဲ့.."

မလေးကပြောရင်း
ချက်ချင်းမငယ်လက်ကိုလှမ်းပုတ်တော့

"လာ..လာ..သားသားကိုသွား
ကြိုရအောင်.."

မကြီး၏ဦးဆောင်မူနဲ့အတူလေးကောင်သား
ဖုတ်ဖတ်ခါထပြီးအပြေးထသွားသည်..

"ဝိုင်းစိန်မရေ..အထုပ်တွေသွားသယ်အုံး.."
မလတ်ကအိမ်မှာအကူလုပ်တဲ့ကောင်မလေး
ကိုလှမ်းအော်လိုက်သေး..

သားသားဆိုတဲ့အသံကြားတာနဲ့တင်ကို
ဧည့်ခန်းမှာအမေဖြစ်သူနဲ့စကားပြောနေရင်းနဲ့
ပျာယာတွေခတ်ပြီး
ချက်ချင်းကောက်ကတ်ထသွားတဲ့
သမီးချောလေးယောက်..

အို..အိမ်ကိုရောက်နေရသည့်ကိစ္စကလဲ
ဒီနေ့သားသားပြန်လာမယ်လို့
ဖုန်းဆက်ပြီးလှမ်းအကြောင်းကြားထားလို့သာ..

မဟုတ်ရင် သူတို့လင်တွေ..သူတို့သားတွေနဲ့
အမေအိမ်ကိုခြေဦးတောင်လှည့်တာမှမဟုတ်တာ..

တွေးရင်ဒေါ်ဝင်းလဲ့ရီစိပ်ပုတီးလေးတဂျောက်ဂျောက်
နဲ့တရားသာဆက်မှတ်နေလိုက်သည်..

လေဆိပ်ကိုသွားပြီးအကြိုတော်
လွှတ်ခိုင်းထားတဲ့အိမ်က Driverရဲ့ကားပေါ်မှ
ဆင်းလာတဲ့မောင်လေးဖြစ်သူကို
အမလေးယောက် အိမ်ရှေ့တံခါးမကနေကြည့်
လို့မဝနိုင်...ရူလို့မဝနိုင်

"ကြည့်စမ်း..သားသားနဲနဲလေးများပိန်သွား
သလားလို့..မလေး ကြည့်အုံး."

"အို..မငယ်ကလဲ..အိမ်ထောင်ကျပီလေ
Bodyလေးဘာလေးထိန်းမှပေါ့.."

"ပိန်ပိန်ဝဝ..မလတ်တို့သားသားက
ချစ်ဖို့ကောင်းနေတုန်း..ခုထိမပျက်စီးသေးဘူး.."

အမလေးယောက်လုံး
တစ်ယောက်ကိုတစ်ယောက်တွန်းထိုးရင်းပြောနေ
တုန်းမှာဘဲ သက်ဝေယံ
အိမ်ရှေ့ဆင်ဝင်အောက်ကိုခြေချလိုက်သည်နှင့်

L❤VE in the 1st sight(Completed)Where stories live. Discover now