Part-5

34.9K 2.9K 62
                                    

L❤VE in the 1st sight
(part-5)

"ငမ်း တာလဲငမ်းပေါ့
သယ်ထားရတဲ့sushiထုပ်ကိုလည်း
လက်ထဲကလွတ်မကျအောင်သတိထားအုံး"

"ဘယ်မှာငမ်းနေလို့လဲ??"

ဝင်းမြင့်ကိုသာပြန်ပိတ်ပြောလိုက်ရတာ
အကြည့်တွေက အနက်ရောင်နဲ့အဖြူရောင်
စပ်ချုပ်ထားသော maid costumeလေးနှင့်
အဲ့ကလေးဆီကကို ပြန်မခွာနိုင်..

ဂါဝန်ကဒူးလောက်သာရှိပြီး
ခြေစွပ်လေးနှင့် ရူးဖိနပ်လေးတွဲဝတ်ထားသည်

ဆံပင်အနက်ရောင်ရှည်ရှည်.
ဟွန်း...အဲ့ဆံပင်ကလဲအတုဘဲနေမှာ

ခေါင်းပေါ်မှာဘီးကုတ်လေးနှင့်
ကြောင်နားရွက်လေးတောင်တပ်ထားသေး..

ဘာမှသိပ်ပြင်ဆင်ထားပုံမရသည့်
မျက်နှာနုနုဖတ်ဖတ်လေးမှာနူတ်ခမ်းနီပါးပါးလေး
ဆိုးထားသည်ကလဲချစ်ဖို့ကောင်းနေတာဘဲ..

ဂါး.....ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ?

အဲ့တာ..ငါ့ကိုအသေသတ်နေတာ
ငါ့ကိုအသေသတ်နေတာ😖

မေ့သွားပြီလို့သတ်မှတ်ခဲ့မိသည့်
ရင်ခုန်သံတွေကပြန်ပြီးစည်းချက်ကျမြန်ဆန်လာသည့်
အပြင်

ဒါယောင်္ကျားလေးဆိုတဲ့အသိကြီးက
ဟိန်းထက်ယံကိုပိုလို့တောင်နှိပ်စက်နေသည်

ပူပြင်းလှတဲ့နေရောင်ကိုသူမော့ကြည့်ပြီး
လက်ခုံလေးနှင့်နဖူးကချွေးတွေကိုသုတ်လိုက်
သည်ကိုတွေ့တော့

ဘာမဆိုင်ညာမဆိုင် ECမကိုပင်
ဒေါသထွက်သွားမိသည်

"အဲ့လောက်နေပူနေတာကိုဟာ..
မတ်တပ်ကြီးရပ်ပြီးရောင်းခိုင်းထားရက်တယ်
နေရာလေးဘာလေးပြောင်းပေးတာမဟုတ်ဘူး.."

မကျေမနပ်နှင့်ပါးစပ်ကလွှတ်ခနဲထွက်သွားသည့်
စကားကြောင့်ဝင်းမြင့်၏ ဘုကြည့်ကြည့်သော
အကြည့် က
တန်းခနဲရောက်လာသည်နှင့်အတူ

"Sushiထုပ်တွေကိုသာမစမ်းပါ.."

..........

ဟူး...ပူလိုက်တာ..
နဖူးပေါ်ကနေတတောက်တောက်စီးကျနေတဲ့
ချွေးတွေကို လက်နဲ့သုတ်နေလို့တောင် မပြီးသေး..

L❤VE in the 1st sight(Completed)Where stories live. Discover now