Love Reborn-5

36.6K 2.5K 197
                                    

နဂို ခေါင်းအုံးနဲ့ခေါင်း ထိလိုက်တာနဲ့
အိပ်ပျော်သွားတတ်တဲ့ သက်ဝေယံ
အခုအိပ်ယာထက်မှာလူးလိမ့်နေသည်..

မင်္ဂလာလက်စွပ်ကိုရေကူးကန်ထဲပစ်ချရသလား
ဆိုပြီးစိတ်ဆိုးဆိုးနဲ့ပညာပြခဲ့တာ..
မှားပြီလားမသိ!!
ဒီအခန်းထဲရောက်ပြီးနာရီဝက်တိတိကြာသည်ထိ
ဟိုလူကြီးရောက်မလာ

ဘာများဖြစ်လို့ပါလိမ့်??

တွေးမိသောအတွေးကိုကိုယ့်ဟာကို
အဖြေပြန်မထုတ်မိခင်မှာပင်
ဝုန်းဆိုကောက်ထလိုက်ပြီး
ပြတင်းပေါက်ကိုဆွဲဖွင့်ကြည့်လိုက်သည်..

ရေကန်အောက်လင်းမီးတွေထွန်းထားတဲ့
ရေကူးကန်ထဲမြုပ်ချည်ပေါ်ချည်ဖြစ်နေသေးတဲ့
သူ့ကိုတွေ့လိုက်ရတော့..

စိတ်ကတော့အေးသွားရသည်ကအမှန်...
အနဲဆုံးတော့ရေမနစ်သေးဘူးထင်တာဘဲ..

ရေကူးကန်ရဲ့အလယ်ကနေ
ကန်ဘောင်ဘက်ကိုတရွေ့ရွေ့ကူးသွားတဲ့
သူ့ကိုကြည့်နေရင်း..

တကယ်ရှာနေတာလား??
ဟန်ဆောင်ပြီးဘဲရှာနေတာလား??
မတက်နဲ့လို့ပြောခဲ့တိုင်းလည်း
မတက်လာစရာလား??

စိတ်ထဲကပွစိပွစိ
တွေးရင်းနဲ့ပင်မနေနိုင်မထိုင်နိုင်သောလက်က
တဘက်ကိုဆွဲယူနှင့်ပြီးပြီ...

သက်ဝေယံရေကူးကန်နားသို့ရောက်လာတော့
ကန်ဘောင်ပေါ်ကိုမေးလေးတင်ထားပြီး
အမောဖြေနေရှာတဲ့အဲ့လူကြီး..

ရေထဲကနေကုန်းပေါ်ရောက်လာလို့
အသက်ရူမရတဲ့
ငါးတစ်ကောင်လို ဟစိ ဟစိ..

အဲ့လိုလေးကျပြန်တော့လဲသက်ဝေယံ
စိတ်ထဲမကောင်းချင်...

သက်ဝေယံလဲအနားသို့အရောက်
သူလဲရေကူးကန်ထဲကနေကုန်းရုန်းတက်လာပြီး
ကန်ဘောင်ပေါ်ထိုင်သည်..

လက်ထဲကတဘတ်နဲ့သူ့ကိုနောက်ကနေ
ထွေးပတ်ပေးလိုက်တော့
လှည့်ကြည့်လာသော...
ရေမွန်းထားတဲ့နီရဲရဲမျက်လုံးတွေ

အရမ်းနှိပ်စက်ရာများကျသွားပြီလား??

ခေါင်းထဲကိုတိုးဝင်လာတဲ့ပထမဆုံးအတွေး...

လူပ်တုတ်တုတ်ဖြစ်နေတဲ့ပြာနှမ်းနှမ်း
နူတ်ခမ်းတွေဆီက စကားသံတချို့ထွက်ကျ
မလာခင်

L❤VE in the 1st sight(Completed)Where stories live. Discover now