Part-4 (Unicode)

13.8K 1.3K 29
                                    

"ဟဲ့..ဟိုကလေး မျက်နှာကmaskကြီးကဘာလို့တပ်ထားတာလဲ?ငါ့နှယ်..သူပုန်ဝင်လာတာကျနေတာဘဲ.."


ဆရာမကလှမ်းပြောပြီးWhite boardမှာ သူ့စာသူပြန်ဆက်ရေးနေလေသည်..။ချောင်ကပ်ပြီးခပ်ကုတ်ကုတ်လေး ထိုင်နေတာတောင်မှဆရာမကမြင်ဖြစ်အောင်မြင်သွားသေးသည်။ ဟိန်းထက်ယံ maskလေးကိုမချွတ်ချင်ချွတ်ချင်နဲ့ဆွဲချွတ်လိုက်ရတော့။ တစ်တန်းလုံးကလူတွေအကြည့်ကဟိန်းထက်ယံဆီမှာသူတို့အားလုံးမျက်နှာတွေကပြုံးစိစိ။ 


အေးပေါ့လေ..။ သူတို့လဲသိတန်သလောက်သိပြီးကြပီပေါ့..ဟင့်။


"ကလင်...ကလင်...ကလင်.."


နေ့လည်စာစားဖို့အချက်ပေးခေါင်းလောင်းလဲအတီးဟိန်းထက်ယံဗိုက်ဆီကဂွီခနဲဆန္ဒပြလေပြီ..။အတန်းထဲကသူတွေဆရာမကိုနူတ်ဆက်ပြီးတော့ဆရာမကအတန်းအပြင်ဘက်သို့ထွက်သွားလေပြီ။ 


"ဟေ့ရောင်..ဝင်းမြင့်..ငါ့အတွက်ကြက်သားထမင်းဝယ်လာပေးပါလား?"


"အမ်..မင်းမလိုက်ဘူးလား?ကန်တင်းကို.."


ဝင်းမြင့်ကထရပ်လိုက်ပြီးပုဆိုးပြင်ဝတ်ရင်းမေးသည်။ မေးရက်တယ်.သူငယ်ချင်းရယ်။ .ဒီလိုအခြေအနေမှာ လူများတဲ့ဘယ်နေရာကိုမှမသွားချင်။ ကျောင်းကန်တင်းဆိုပိုဆိုး..။ 


"မလိုက်ချင်လို့ပေါ့ဟ..လုပ်ပါနော်!ဝယ်ပေးပါ.."


နောက်ထပ်တစ်ခါဝင်းမြင့်ကိုထပ်ပြီးအပူကပ်မိသည်။


"နေ..နေ..မဝယ်ပေးဘူး..အလုပ်ရူပ်တယ်။ စားချင်လိုက်လာခဲ့"


"မင်းကလဲ..ငါကန်တင်းမသွားချင်လို့ပါနော်..နော်"


"ဘာမှလာနော်မနေနဲ့..လိုက်ချင်လိုက်လာမလိုက်ချင်အငတ်နေခဲ့ ငါသွားပြီ.."


"ဟာ..ဟေ့ကောင်"


L❤VE in the 1st sight(Completed)Where stories live. Discover now