ဘန်နီဖြိုးရဲ့ ငါတို့အတွဲ Ringtoneကြီးက
ညကြီးမင်းကြီး ထအော်သည်မို့
မြတ်မွန် ကုတင်ပေါ်ကနေ
ဘေးကစာကြည့်စားပွဲမှာတင်ထားတဲ့ဖုန်းကို
အိပ်မူံစုံမွှားနဲ့
လက်လှမ်းယူလိုက်ရသည်..ဟို အကောင် ဟိန်းထက်ယံလားမသိ.!!
ညမအိပ်တဲ့ဇီးကွက်ကောင်ဆိုလို့
အဲ့အကောင်ဘဲရှိသည်..ဖုန်းscreenကိုကြည့်လိုက်တော့
JuJuဆိုတဲ့ Contact nameလေးက
အထင်းသားဖုန်းscreenအလင်းရောင်ကြောင့်
မြတ်မွန်မျက်မှောင်လေးကုတ်ကြည့်လိုက်ရင်းဟင်..JuJu??
ဒီကလေးဒီအချိန်ကြီးထိမအိပ်သေးဘူးလား??စားပွဲတင်နာရီကိုလှမ်းကြည့်တော့
၁၂နာရီကျော်နေပြီ..ဖုန်းကိုတစ်ချက်ပွတ်ဆွဲလိုက်ပြီး
နား ,နားကပ်လိုက်တော့
"Hello.."တစ်ဖက်ကထွက်ပေါ်လာတဲ့အသံလေးက
တိုးတိုးသေးသေးလေး..မြတ်မွန်တစ်ချက်သမ်းဝေလိုက်ရင်း
"အင်း..JuJu..အခုထိမအိပ်သေးဘူးလား?""အိပ်လို့မပျော်ဘူးဖြစ်နေတယ်.."
"ဘာဖြစ်လို့လဲ??!!ဟိုအကောင်ဟိန်းထက်ယံ
Jujuကိုဘာလုပ်လိုက်လို့လဲ??!!"တိုးတိတ်လွန်းပြီးကြားနိုင်ရုံအသံဖျော့တော့တော့
လေးရဲ့တုံ့ပြန်မူကြောင့်
မြတ်မွန်ပက်လက်လှန်လှဲအိပ်နေရာကဆတ်ခနဲ
ထထိုင်ပြီး အလန့်တကြားမေးလိုက်မိသည်.."အာ..သူဘာမှမလုပ်ပါဘူး..
ကျွန်တော်မေးစရာလေးရှိလို့ပါ.."တော်ပါသေးရဲ့...
အခုမှမြတ်မွန်သက်ပြင်းလေးကြိတ်ချနိုင်လိုက်ရင်း"အင်း. ဒါဖြင့်မေးလေ.."
"အဲ့လူကြီးကအရင်ကမိန်းကလေးတွေကိုဘဲ
တွဲတာလား??""အင်း..ဟုတ်တယ်..."
သက်ဝေယံလဲသိသင့်သည်ထင်လို့
မြတ်မွန်အမှန်အတိုင်းပင်ပြောလိုက်သည်..
ရည်းစား သက်စေ့ကျော်တာတွေကိုတော့
ထည့်ပြောမနေတော့"ဒါဖြင့်မိန်းကလေးတွေကိုဘဲကြိုက်တာပေါ့နော်.."
ဟောတော့...ဒီကလေးထူးထူးဆန်းဆန်း
ဘာတွေလာမေးနေတာပါလိမ့်
မြတ်မွန် အိပ်ချင်စိတ်ကြောင့်မှေးစင်းနေတဲ့
မျက်လုံးတွေပါပြူးကျယ်သွားသည်..
YOU ARE READING
L❤VE in the 1st sight(Completed)
HumorUNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်အရူံးပေးရလိမ့်မယ်....❤ ZAWGYI VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျား...