Part-2

57.4K 3.2K 107
                                    

L ❤VE in the 1st sight (part-2)

အခုဆိုရင်တော့ပထမနှစ်
Fresherလေးများရဲ့ မိတ်ဆက်ပွဲပြီးဆုံးသွားပါပြီ"

ကြေညာသံကိုကြားလိုက်ရတဲ့အခါမှာ
ဟိန်းထက်ယံတစ်ယောက် ဟာခနဲဖြစ်သွားသည်..

ဒီလောက်ထိစင်ပေါ်တက်လာတဲ့
Fresherမှန်သမျှကိုမျက်စိဒေါက်ထောက်
ကြည့်နေတာတောင်
သူမကိုအစလေးတောင်ရှာမတွေ့ခဲ့

သွားပါပြီကွာ..ဟင့်..!

ဘယ်နားကဘယ်လို သွားရှာရမည်မှန်းမသိတော့

"ဘယ်မှာလဲ?မင်းရဲ့နတ်သမီးလေး!"

လူကရှာမတွေ့လို့ငိုချင်နေပါသည်ဆိုမှ

စိတ်တိုတိုနဲ့ဝင်းမြင့်ကိုဘု ကြည့် ကြည့်ပေးလိုက်ရင်း

"အဲ့တာမင်းလုပ်လို့!ခုနကမင်းနဲ့လေပေါနေတဲ့အချိန်
သူစင်ပေါ်တက်သွားတာနေမှာပေါ့.."

"ဂါဝန်ကြီးနဲ့စင်ပေါ်တက်လာရင်
ထင်းခနဲဖြစ်နေမှာဘဲကို..."

ဝင်းမြင့်ကပြောနေရင်း သူ့ကြက်ကြော်ဘူး
ကိုဖောက်စားနေလေသည်..

သူပြောတာလဲဟုတ်သား
ထင်းခနဲဖြစ်နေမှာ..

အာ..ကျွန်တော်မမြင်လိုက်တာလဲ
ဖြစ်နိုင်တာဘဲကို..

ပြန်ဖြေသိမ့်တွေးနေရင်း
ဟိန်းထက်ယံတစ်ယောက်ကိုယ့်ကိုယ်ကို
နှစ်သိမ့်လိုက်ရသည်..

ဝင်းမြင့်ပြောသလိုသရဲမများလား
အာ..မဟုတ်နိုင်ပါဘူး

စိတ်ရူပ်ထွေးလာတာနဲ့တင်

လက်ထဲမှာရှိနေတဲ့ကြက်ကြော်ဘူးလေးကို
စားချင်စိတ်မရှိတော့လို့
ဘေးကခုံပေါ်ပစ်တင်လိုက်သည်

"ဟေ့..ဟေ့..မင်းမစားချင်ရင်
ငါ့ကိုပေး..ပစ်မထားနဲ့"

ပါးစပ်ထဲမှာကြက်သားတွေပလုတ်ပလောင်း
နဲ့ ဝင်းမြင့်က သူ့ကြက်ကြော်ဘူးကိုပါလှမ်းယူ
သွားသေးသည်..

စောင်အငတ်ကတစ်မျိုး!

လူကစိတ်အရမ်းကြည်နေသည်မဟုတ်

စင်ပေါ်မှာ ဖျော်ဖြေရေးအနေနဲ့
Danceကနေတဲ့လူတွေကိုလိုက်ကြည့်နေရသေး
သည်

L❤VE in the 1st sight(Completed)Where stories live. Discover now