Part-24 (Unicode)

8.5K 857 11
                                    


ရှေ့ကစားပွဲခုံအရှည်လေးပေါ်တင်ထားတဲ့ခြင်းလေးထဲကကြက်ကြော်တုံးတွေကို တစ်ခုချင်းစီသေချာဖဲ့နေရသည်..။ဟိန်းထက်ယံကဖဲ့လိုက်..သက်ဝေယံကကောက်စားလိုက်နဲ့..သူကောက် ကောက်စားတာမြန်လွန်းလို့ဖဲ့ရတဲ့သူကလက်တောင်မလည်တော့..။ဟိန်းထက်ယံ ပါးစပ်ထဲကိုလည်းခုထိကြက်သားနဲ့တူတာဆိုလို့ဘာမှမဝင်သေး။ဒါပေမဲ့လည်းစားပွဲခုံပေါ်မေးလေးထောက်ပြီးကြက်သားဝါးနေတဲ့ပါးဖောင်းဖောင်းလေးတစ်ဖက်ကို မြင်နေရတာနဲ့တင်ဟိန်းထက်ယံ ဗိုက်အလိုလိုတင်းနေပြီ..။သက်ဝေယံ ပါးစပ်ထဲကကြက်သားကိုဝါးနေရင်းဘေးဘက်ကို မျက်လုံးလေးစွေကြည့်လိုက်မိတော့


ဟင်..အဲ့လူကြီးခုထိဘာမှမစားသေးဘူးလား??


သက်ဝေယံ ရှေ့ကကြက်သားတစ်ဖက်ကိုကောက်ယူပြီး အချဉ်ရည်တစ်ခွက်ထဲနှစ်ကာဟိန်းထက်ယံကို ကျွေးလိုက်သည်..။ဟိန်းထက်ယံ မျက်စိရှေ့ကိုရောက်လာတဲ့ကြက်သားဖတ်ကိုကြည့်ပြီး


"ငါ Chilli မကြိုက်ဘူး.."


ခွံ့ကျွေးတာကို စားစရာရှိ မစားဘူး..ကျွေးရတဲ့သက်ဝေယံ လက်ရှက်သွားသည်..။ဘေးမှာProject Groupကလူတွေရှိနေလို့သာ..။သက်ဝေယံ အဲ့ကြက်သားဖတ်ကိုကိုယ့်ပါးစပ်ထဲကိုယ်သာပစ်ထည့်လိုက်သည်..။မဟုတ်ရင် အဲ့လူကြီးပါးစပ်ထဲအတင်းမရမကထိုးထည့်ပြီးကျွေးမှာ..။မျက်နှာစူပုပ် ...ပါးကိုဖောင်း..နူတ်ခမ်းကိုထော်ပြီးတစ်ဖက်သို့ပြန်လှည့်သွားတဲ့အဲ့ကလေးလေးကြောင့်နူတ်ခမ်းပါးထက်မှာအပြုံးကအလိုအလျောက်ချိတ်ဆွဲပြီးသား..။အဲ့လိုကောက်သွားတာလေးကိုချစ်လို့ကိုတမင် ကလိလိုက်တာ..။ခုတော့ဖြင့်ဟိန်းထက်ယံဘက်ကိုလှည့်ကိုမကြည့်တော့..။


"အကိုကြီးကလဲ..ညီလေးကကျွေးနေတာကို စားမှပေါ့.."


အဖွဲ့ထဲက ခေါင်းဆောင်ဖြစ်တဲ့အမဝေနှင်းအောင် ကခပ်နောက်နောက်လေးလှမ်းပြောသည်..။အကိုကြီး...ညီလေးဆိုတဲ့အသုံးအနူန်းကြောင့်ဟိန်းထက်ယံမျက်နှာမှာခုနကတည်ရှိနေတဲ့အပြုံးက ချက်ချင်းလိုပျောက်ကွယ်သွားရသည်..။တခြားသူကိုမထိခိုက်စေဘူးဆိုတဲ့အဖြူရောင်မုသားတွေကလှပါသည်ဟုဆိုစေအုံးတော့..။လိမ်ထားတယ်ဆိုတဲ့အသိတစ်ခုမှာဟိန်းထက်ယံ အရမ်းပင်ပန်းနေပြီ..။

L❤VE in the 1st sight(Completed)Where stories live. Discover now