Part-6 (Unicode)

11.4K 1.2K 84
                                    


"So Baby pull me closerIn the backseat of your rover🎼"


အခုတလောခေတ်စားနေတဲ့Closer songလေးကလွင့်ပျံလာလေသည်။အာ....ညကြီးမင်းကြီးဘယ်သူ့ဆီကဖုန်းလာတာလဲမသိဘူး..။ရည်းစားဆီကလာရအောင်လဲဝင်းမြင့်မှာကမူးလို့ရူစရာတောင်မရှိ။ 


"🎵That i know u can't affordBite the tattoo on yr shoulder🎶"


ကုတင်ဘေးကခုံပေါ်တင်ထားသည့်ဖုန်းကိုကောက်ယူကြည့်လိုက်မိတော့


"Pull the sheets right of the corner🎼"


ခွေးကောင်!!ညကြီးမင်းကြီးဘာလာနှိပ်စက်မို့လဲမသိဘူး .။အရင်ကလဲညဘက်ဒီလောက်မိုးချုပ်ရင်ဆက်လေ့မရှိပါဘူး..။အခုဘာလို့များအချစ်ဆုံးသူငယ်ချင်းကြီးရဲ့ဖုန်းမို့ဥပေက္ခာလဲမပြုရက်။ အတွေးစကိုမြန်မြန်ဖျတ်ပြီး စိတ်မပါလက်မပါနှင့်ပင်Screenကိုတစ်ချက်ပွတ်ဆွဲလိုက်သည်။


"အေး..သားကြီး..ပြော.."


"သူငယ်ချင်း...."


တိုးတိုးလေးနှင့် ထွက်လာသောလေသံလေး။ဒါဟိန်းထက်ယံအသံဟုပင်ထင်ချင်စရာမရှိ။


"အေး..!ငါနားထောင်နေတယ်ဘာလဲဟာ!မြန်မြန်ပြော..ငါအိပ်နေတဲ့ဟာကို.."


"ငါ..ငါ့ကိုကယ်ပါ..."


"ဘာ!!"


ဒီကောင်ဘာလာကြောင်နေသည်မသိ။ဝင်းမြင့် မျက်လုံးပင်နဲနဲကြောင်ချင်သွားသည်။ 


"ငါ..ငါ..ရူးတော့မယ်ထင်မယ်"


ဟိန်းထက်ယံ၏နောက်ထပ်စကားအဆုံးမှာဝင်းမြင့်ကုတင်ပေါ်ကပင်ကုန်းရုန်းထထိုင်လိုက်မိသည်။


"နေပါအုံး..!အဆုံးမရှိအစမရှိမင်းဘာဖြစ်နေတာလဲ?"


"ငါ...ငါ..."


"အေး..ပြောပါဆိုနေ.."

L❤VE in the 1st sight(Completed)Where stories live. Discover now