Love Reborn-5 (Unicode)

16.1K 789 19
                                    


နဂို ခေါင်းအုံးနဲ့ခေါင်း ထိလိုက်တာနဲ့အိပ်ပျော်သွားတတ်တဲ့ သက်ဝေယံအခုအိပ်ယာထက်မှာလူးလိမ့်နေသည်..။မင်္ဂလာလက်စွပ်ကိုရေကူးကန်ထဲပစ်ချရသလားဆိုပြီးစိတ်ဆိုးဆိုးနဲ့ပညာပြခဲ့တာ..မှားပြီလားမသိ!!ဒီအခန်းထဲရောက်ပြီးနာရီဝက်တိတိကြာသည်ထိဟိုလူကြီးရောက်မလာ။ဘာများဖြစ်လို့ပါလိမ့်??တွေးမိသောအတွေးကိုကိူယ့်ဟာကိုအဖြေပြန်မထုတ်မိခင်မှာပင်ဝုန်းဆိုကောက်ထလိုက်ပြီးပြတင်းပေါက်ကိုဆွဲဖွင့်ကြည့်လိုက်သည်..။ရေကန်အောက်လင်းမီးတွေထွန်းထားတဲ့ရေကူးကန်ထဲမြုပ်ချည်ပေါ်ချည်ဖြစ်နေသေးတဲ့သူ့ကိုတွေ့လိုက်ရတော့..စိတ်ကတော့အေးသွားရသည်ကအမှန်...။အနဲဆုံးတော့ရေမနစ်သေးဘူးထင်တာဘဲ..ရေကူးကန်ရဲ့အလယ်ကနေကန်ဘောင်ဘက်ကိုတရွေ့ရွေ့ကူးသွားတဲ့သူ့ကိုကြည့်နေရင်း..တကယ်ရှာနေတာလား??ဟန်ဆောင်ပြီးဘဲရှာနေတာလား??မတက်နဲ့လို့ပြောခဲ့တိုင်းလည်းမတက်လာစရာလား??စိတ်ထဲကပွစိပွစိတွေးရင်းနဲ့ပင်မနေနိုင်မထိုင်နိုင်သောလက်ကတဘက်ကိုဆွဲယူနှင့်ပြီးပြီ...။သက်ဝေယံရေကူးကန်နားသိူ့ရောက်လာတော့ကန်ဘောင်ပေါ်ကိုမေးလေးတင်ထားပြီးအမောဖြေနေရှာတဲ့အဲ့လူကြီး..။ရေထဲကနေကုန်းပေါ်ရောက်လာလို့အသက်ရူမရတဲ့ငါးတစ်ကောင်လို ဟစိ ဟစိ..။အဲ့လိုလေးကျပြန်တော့လဲသက်ဝေယံစိတ်ထဲမကောင်းချင်...။သက်ဝေယံလဲအနားသို့အရောက်သူလဲရေကူးကန်ထဲကနေကုန်းရုန်းတက်လာပြီးကန်ဘောင်ပေါ်ထိုင်သည်..။လက်ထဲကတဘတ်နဲ့သူ့ကိုနောက်ကနေထွေးပတ်ပေးလိုက်တော့လှည့်ကြည့်လာသော...ရေမွန်းထားတဲ့နီရဲရဲမျက်လုံးတွေအရမ်းနှိပ်စက်ရာများကျသွားပြီလား??ခေါင်းထဲကိုတိုးဝင်လာတဲ့ပထမဆုံးအတွေး...လူပ်တုတ်တုတ်ဖြစ်နေတဲ့ပြာနှမ်းနှမ်းနူတ်ခမ်းတွေဆီက စကားသံတချို့ထွက်ကျမလာခင်

"ထားလိုက်တော့..မနတ်မှဘဲပြန်ရှာ..ခုဆက်ရှာနေရင် ခင်ဗျားကြွသွားလိမ့်မယ်!!"

သက်ဝေယံကဘဲအရင်ပြောလိုက်ပြီးသူ့ကိုအတင်းဆွဲထူလိုက်စဉ်မှာပင်..

"တွေ့သွားပြီ~~"

ခပ်တိုးတိုးအသံလေးနောက်ပါးမှာသက်ဝေယံရဲ့မျက်စိရှေ့ရောက်လာသည်ကလက်ချောင်းထိပ်အရေပြားလေးတွေတွန့်နေတဲ့လက်ဖဝါးပြင်ထက်က ရွှေရောင်မောင်းကွင်းလက်စွပ်လေး...။

L❤VE in the 1st sight(Completed)Where stories live. Discover now