Part-27

33.2K 2.5K 291
                                    

"Jujuလေးမလာသေးဘူးလား??"

"အေးဆို..ဟိန်းထက်ယံ..
နင်ဖုန်းဆက်ကြည့်ပါလား???"

မြတ်မွန်စကားကိုနှင်းပွင့်ကပါဝင်ထောက်ခံပြီး
အခန်းတံခါးပေါက်ဝကို တကြည့်ကြည့်လုပ်နေသည်..

ဖုန်းထိုင်သုံးနေတဲ့ မေလေးကပါ
တစ်ချက်လှမ်းမျှော်ကြည့်သည်..

သက်ဝေယံရဲ့ရည်းစားဖြစ်တဲ့
ဟိန်းထက်ယံကမမျှော်ရဘူး..
သူတို့ကလည်ပင်းရှည်မတတ်ကိုမျှော်နေကြတာ
ကြာတော့အမြင်ကကပ်လာသည်..

"အေး .အေး..ဆက်လိုက်မယ်.."
ဟိန်းထက်ယံ
ပြန်ပြောရင်း ဘောင်းဘီအိတ်ထဲကဖုန်းကို
ဆွဲထုတ်လိုက်သည်..

မေလေး..မြတ်မွန်..နှင်းပွင့်သုံးကောင်သား
ဆိုင်ကိုပြေးလာကြတာ
မိတ်ကပ်တောင်မလိမ်းနိုင်ခဲ့တဲ့ဘဝ

ဒါကလဲ မေလေးနဲ့မြတ်မွန်နှစ်ကောင်ပေါင်းပြီး
ကြိတ်ကြံထားသည့်ကိစ္စရှိလို့
နှင်းပွင့်က ထိုအကြံအစည်ထဲမှာမပါပေမဲ့
သူ့ကိုချန်ထားခဲ့ရင် အရမ်းသိသာသွားနိုင်လို့

"ပြီးရော..ငါတို့မိတ်ကပ်ပြင်ဖို့
Toiletထဲဝင်လိုက်ဦးမယ်.."

မေလေးပြောသည်နှင့်အညီ
ကော့တော့ကော့တော့နှင့်
အခန်းထဲကထွက်သွားသည့် သုံးကောင်ကို
ဟိန်းထက်ယံ နူတ်ခမ်းတစ်ချက်ရွဲ့ကြည့်
လိုက်ရင်း

YUFLပြန်ဖွင့်ပြီမို့
အဲ့ကလေးနဲ့အေးအေးဆေးဆေးမတွေ့ရတာ
တစ်ပတ်ကြီးများတောင်ရှိနေပြီကို..

နှစ်ယောက်တည်းအလွမ်းသယ်မို့
Karaokeမှာသီးသန့်ခန်းယူပါတယ်ဆိုမှ
အဲ့အစုတ်ပလုတ်မတွေက ကန့်လန့်ကန့်လန့်

"ပြန်တွေးကြည့်...ငါသိပ်ချစ်မိသွားပြီ🎶"

မကျေမနပ်နဲ့စိတ်ထဲမှရေရွတ်နေရာမှ
မိုးမိုးရဲ့အသံချိုချိုလေးထွက်ပေါ်လာသော
ကြောင့် ph screenကိုငုံ့ကြည့်လိုက်မိသည်..

Ph screenပေါ်မှာပေါ်လာတဲ့ပုံလေးက
မျက်လုံးနားမှာလက်လေးနှစ်ချောင်းထောင်
ထားတဲ့အဲ့ကလေးပုံလေး..

အဲ့ကလေးကဓာတ်ပုံရိုက်ခါနီးရင်
Smile..cheese လို့အော်တတ်သေးတာမို့
ပါးထိတက်ချိတ်နေတဲ့ နူတ်ခမ်းစွန်းနှစ်ဖက်ကြားမှာ
သွားတန်းဖြူဖြူလေးတွေကအထင်းသား

L❤VE in the 1st sight(Completed)Where stories live. Discover now