Part-18

33.5K 2.6K 113
                                    

"မေ့စမ်း..မေ့စမ်း..မေ့စမ်း.."

မနေ့ကညရော ဒီနေ့မနတ်ရော
ခေါင်းကို ထု ထုပြီးကိုယ့်ကိုယ်ကို
သတိပေးနေသည်မို့
ဟိန်းထက်ယံခေါင်းတစ်ခြမ်းတောင်
ပိန်နေလောက်ပြီထင်သည်

မနေ့ညကမူးနေတဲ့အရှိန်ကမပျယ်သေးလို့
လားမသိ
ယိုင်တိုင် ယိုင်တိုင် လမ်းလျှောက်လာရင်းနဲ့
ရှေ့က သစ်ပင်ကိုမြင်လိုက်တော့
ခေါင်းနဲ့ပြေးဆောင့်လိုက်ရင်
ကောင်းမလားလို့တောင်တွေးမိသည်

အဲ့တာမှဇာတ်လမ်းတွေထဲကလို
အတိတ်တွေဘာတွေမေ့ပြီး
ဟိုကလေးကိုပါတစ်ခါတည်းမေ့သွားရင်ပြီးရော..

သစ်ပင်နားဆီကိုသွားပြီကာမှ

မဖြစ်သေးပါဘူး.
Oralအတွက်စာတွေပါမေ့ကုန်မှကွဲနေမည်
Listening & Speakingက
အရမ်းဖြေနိုင်ခဲ့တာဆိုတော့

ဟိန်းထက်ယံ သစ်ပင်နားကနေ
အသာလေးခွာပြီး
ခပ်သွက်သွယ်ဆက်လျှောက်လာမိသည်..

ခမ်းနားထည်ဝါလာတဲ့အဆောင်သစ်ကြီး
ဒါ ပထမနှစ်ကျောင်းသားတွေကို
ထားတဲ့အဆောင်မှန်း တွေးလိုက်မိတော့
သူ့အကြောင်းတွေကပါ ကပ်ရပ်တွဲပါလာသည်..

ဒီနားရောက်မှခြေလှမ်းတွေဟာဘာလို့
အလိုလိုတုံ့နှေးသွားသလဲမသိ

Porpular Wallနားလဲရောက်ရော

နူတ်ဆက်ခါနီးတိုင်း
အင်း လို့ခေါင်းညိတ်ပြီး တာ့တာပြတတ်တဲ့
ကောင်လေးတစ်ယောက်ပုံရိပ်ကို
ပြေးမြင်မိသည်...

ဒီနေရာမှာ မင်းအပြုံးတွေများ
ကျန်ရစ်ခဲ့မယ်ဆို
ကိုယ်ဖမ်းဆုပ်ဖို့ကြိုးစားနေမိမယ်ထင်ပါရဲ့
ကလေးရယ်....

ရယ်သံလေးတွေ..အပြုံးတွေ..မျက်စောင်းလေးတွေ

ပြန်မရနိုင်တော့တာသေချာနေတဲ့ခံစားချက်နဲ့အတူ
ဝဲတက်လာတဲ့မျက်ရည်တွေကို
ခေါင်းမော့ပစ်လိုက်ပြီး
တားဆီးဖို့ကြိုးစားလိုက်မိသည်..

ခြေလှမ်းတွေဟာ ရှေ့ဆိုဆက်လှမ်းနေမိသည်

Porpular Wallဟာလဲ
အနောက်ဘက်မှာကျန်ရစ်ခဲ့လေပြီ ..

ရှေ့ခပ်လှမ်းလှမ်းဆို
နှစ်ယောက်အတူတူထိုင်နေကျပန်းခြံထဲက
ခုံပြာလေး နားသို့ရောက်လာတော့မည်ကို
၂လကျော်ရင်းနှီးနေတဲ့ အသိတစ်ခုနဲ့
ခံစားလိုက်မိသည်..

L❤VE in the 1st sight(Completed)Wo Geschichten leben. Entdecke jetzt