Part-28 (Unicode)

8.1K 701 14
                                    


ရေချိုးပြီးခါစမို့ bathrobeကြီးနှင့်ခက်သဇင်တစ်ယောက်မှန်တင်ခုံရှေ့မှာကြွကြွရွရွလေးထိုင်လိုက်သည်..။ဇင်ရော်တောင်မျက်ခုံးတန်းတန်းအောက်ကစူးရှတဲ့မျက်ဝန်းလှလှလေးတွေ..။စင်းနေတဲ့နှာတံအောက်ကအနီရဲရဲနူတ်ခမ်းဖူးဖူးလေး..။ဒီလောက်ချောတဲ့မျက်နှာလေးကိုဟိန်းကဘာလို့သဘောမကျလာရမှာလဲလို့..။မှန်ထဲကကိုယ့်ပုံရိပ် ကိုယ့်ဟာကိုယ်ပြန်ကြည့်ရင်တောင် စိတ်တွေချမ်းသာတာ..။ခုနကမီးဖိုချောင်ထဲမှာလှီးလာတဲ့သခွားသီးတွေကိုမျက်နှာပေါ်မှာအကွင်းလိုက်လေးတွေကပ်ထားလိုက်သည်...။ခရမ်းချဉ်သီးအဝိုင်းနှစ်ခုကပါးနှစ်ဖက်ပေါ်မှာ..။အဟင်း...ဟိန်းကိုဆွဲဆောင်နိုင်ဖို့ဆိုဒီထက်..ဒီထက်..ပိုလှနေမှကိုရမှာ..။ဆံပင်ကလဲဖြောင့်လိုက်ကောက်လိုက်ဆေးဆိုးလိုက် လုပ်လွန်းတာမို့ပျက်စီးနေပြီလေ..။ဆံနွယ်တွေကိုသံလွင်ဆီနှင့် သေချာလိမ်းကျံပြီးတဘက်အဖြူရောင်တစ်ခုနှင့်ခေါင်းကိုပေါင်းနေစဉ်...။


"Shout out to my ex🎶"


ကုတင်ပေါ်က အနီရောင် Iphone 7လေးကLittle Mix ရဲ့ shout out to my exကို ထအော်နေလေပြီ...။ခေါင်းပေါ်ကတဘတ်စပြေကျမသွားအောင်သေချာလုပ်လိုက်ပြီး ကုတင်ပေါ်ကဖုန်းကိုလှမ်းကောက်ယူလိုက်ကာကြည့်လိုက်တော့..။ဝင်လာတဲ့ Contact nameကဟင်..သက်ဝေလေး??သက်ဝေလေးဆိုတာကို မြင်လိုက်တာနဲ့ခက်သဇင် နူတ်ခမ်းတစ်ချက်ရွဲ့လိုက်မိသည်..။အဟင်း...ဟိုကောင်စုတ်လေးဘဲ ...!!ငါ့ကိုဘာတွေများ သွေးထပ်တိုးအောင်လုပ်မလို့လဲမသိ..။Phမကိုင်ရင်လဲ ကြောက်တယ်လို့ထင်သွားပြန်အုံးမည်မို့


"Hel~~lo"


"Hello..မမခက်သဇင်လား??"


တစ်ဖက်ကအသံကထုံးစံအတိုင်း စူးတူးတူးခက်သဇင်ဝရံတာလက်ရန်းကိုမှီလိုက်ပြီးတော့


"ဒါပေါ့သက်ဝေလေးရဲ့...အဟင်း..ထူးထူးဆန်းဆန်းဘာလို့ဖုန်းဆက်တာလဲ??"


"အမ အနေအထိုင်ဆင်ခြင်နော်..."


L❤VE in the 1st sight(Completed)Where stories live. Discover now