Part-1

42.6K 1.2K 22
                                    

(Unicode) စီးပွားရေးလောကဟာ ပညာမတတ်တဲ့သူတွေအတွက်တော့ တကာ်ပင် ခက်ခဲတဲ့အရာတစ်ခု။ ပညာမရှိပဲ ပိုက်ဆံများများရဖို့အတွက် ဆင်းရဲသူတွေဟာ မသန်မာနည်းတွေ မတရားနည်းတွေနဲ့ပဲ ရှာကြရပါတယ်။ ပိုက်ဆံရှိမှလူရာဝင်တဲ့အတွက် ပိုက်ဆံရအောင် မခမ်းလှိူင်တစ်ယောက်မှာ ညတိုင်း ယောကျာ်းပေါင်းစုံနဲ့အတူနေခဲ့ရပါတယ်။ အချိန်တွေကြာလာတော့ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အမည်မဲ့လူတစ်ယောက်ရဲ့ကလေးကို သူလွယ်ခဲ့ရတာပေါ့။ ဆင်းရဲသူ ပညာမတတ်သူဆိုပေမယ့် ရက်စက်တဲ့အလုပ်ကိုမလုပ်ခဲ့ပဲ ထိုကလေးကို ကောင်းကောင်းမွန်မွန်မွေးခဲ့ပါတယ်။

ကလေးတစ်ဖက်နဲ့အလုပ်လုပ်ရမှာအဆင်မပြေတဲ့အတွက် သူမနေရပ်ဖြစ်တဲ့ ရွှေကျီးရွာသို့ပြန်လာခဲ့တာပေါ့။ သူမရဲ့တစ်ဦးတည်းသောအမေဆီသို့ ကလေးလက်ဆွဲ ပြီး လာခဲ့ပါလေတော့တယ်။

သူမအမေမှာတော့ သူ့သမီးက
မြို့မှာအလုပ်ကောင်းလုပ်ပြီးချမ်းသာနေတယ်ထင်၍ တစ်ရွာလုံးကိုကြွားလုံးထုတ်ထားရာ ကလေးတစ်ဖက်နဲ့ပြန်လာသော မခမ်းလှိူင်ကိုမြင်တော့ အံ့အား သင့်လို့မဆုံး။

"သမီးရယ် အမေဖြင့်သမီးကိုပြန်မလာတော့ဘူးထင်နေတာ"

ကလေးလေးကိုသံသယဖြစ်မိပေမယ့် အရင်ဆုံးတော့ကြိုဆိုနူတ်ဆက်လိုက်ပါသေးသည်။

"ဟုတ် အမေ သမီးခဏပြန်လာတာပါ"

"ဒါနဲ့သမီး အဲ့ဒါဘယ်ကကလေးလေးလဲ"

အမေဖြစ်သူလက်ညိုးထိုးလိုက်သောသူ့ကလေးကို ကြည့်ပြီး အပြုံးမပျက်ပဲဖြေလိုက်ပါတယ်။

"ဒါ သမီးလုပ်နေတဲ့စီးပွားရေးလုပ်ငန်းကပေးလိုက်တဲ့အပိုဆုပါအမေ"

"ဘာ. . . . . ."

သူမရဲ့သွယ်ဝိုက်တဲ့စကားကိုချက်ချင်းဆိုသလိုနားလည်တဲ့ အမေတစ်ယောက်မှာ အံ့သြ သွားလေတော့သည်။

"ဟုတ်တယ် အမေ ဒီကလေးကကျမကလေး ကျမမွေးလာတာ အခုဆိုသမီးအလုပ်ကိုလိုက်လာစုံစမ်းစရာမလိုပဲသိပြီမလား ဒီကလေးကအမေ့မြေး အမေပဲထိန်းလိုက်တော့ "

"အဖေဘယ်သူဘယ်ဝါမှန်းမသိပဲမွေးလာတဲ့ကလေးကို ငါကဘာလို့ထိန်းရမှာလဲအေ့"

Nameless Playboy (Complete)Where stories live. Discover now