Part-9

10K 601 10
                                    

(Unicode) တစ်ခုသောမနက်ရောက်သော်...................

အိမ်အနီးနားက သစ်ပင်ရှိငှက်ကလေးများ၏ တကျီကျီအော်သံလေးများ.......ပြတင်းပေါက်မှထိုးဖောက်ဝင်ရောက်လာသောနေရောင်ခြည်ကြောင့် သူ့ရဲ့မျက်လုံးအစုံပွင့်ဟလာခဲ့သည်။

"ဟင်း.  ..  ..  ...  .."

မျက်လုံးဖွင့်လိုက်ကတည်းက နေရာစိမ်းတစ်ခုကိုသူရောက်နေမှန်းသတိထားမိပြီး အိပ်ယာမှတန်းထလိုက်သည်။

"အား........... ကျွတ်..ကျွတ်....."

ရုတ်တရက်ကျောမှနာကြင်သောကြောင့် သူည ည်းမိ၏။ သူ့ခန္ဓာကိုယ်ပေါ်က သူနှင့် အတော်ပင်ချောင်နေသော ရှပ်အကျႌလက်ရှည်အဖြူတထည်ကြောင့် သူလန့်သွားသည်။

playboy pov(မနေ့က......မနေ့က...ငါဘယ်သူနဲ့ဘာဖြစ်ခဲ့တာလဲ......Mr.Jackဲငါ့ကို......ငါ့ကို....)

"သတိရလာပြီလား....."

"အမယ်လေး.................."

အတွေးလွန်နေသောသူ့အဖို့ အခန်းထဲရုတ်တရက်ဝင်ကာမေးလိုက်သောမင်းခအသံက လန့်စရာဖြစ်သွားခဲ့သည်။.စောင်ကိုသူ့ပုခုံးပေါ်ထိအုပ်လိုက်ပြီး မင်းခကိုကြောင်ကြည့်နေ၏။

"ခင်ဗျား........ခင်ဗျား.ကျွန်တော့်ကိုဘယ်ခေါ်လာတာလဲ..."

သူဘာတွေးနေတယ်ဆိုတာ မင်းခသိသည်။ မင်းခရဲ့အတွင်းစိတ်ကသူ့ကိုသနားပေမယ့် အပြင်ပန်းကလိုလူကြီးတစ်ယောက်လိုမျက်နှာတင်းမာနေသည်။

"ဟေ့ကောင်...တခြားလျှောက်မတွေးနဲ့ မင်းကိုငါဘာမလုပ်ဘူးနော်......အရင်နေ့ကမင်းဒဏ်ရာတွေနဲ့သတိလစ်မတတ်ဖြစ်နေလို့ငါခေါ်လာတာ"

"ဟို....ဟိုလူကြီးရော"

"ဘယ်လူကြီးလဲ"

မင်းခမေးတာကို ထပ်မဖြေပဲသူနူတ်ဆိတ်နေခဲ့သည်။

playboy pov:(အဲ့လူကြီးဘယ်ရောက်သွားတာလဲ......မနေ့ကအမေ့ကိုဖမ်းခေါ်သွားတာ....နောက်တော့ရော...နောက်တော့ရောငါဘာဖြစ်ခဲ့တာလဲ........)

သူ့မျက်လုံးဟာ ထိုအချိန်ကအဖြစ်အပျက်ကိုမသိသောပုံစံနှင့်။ မင်းခသူ့ကိုသေချာစိုက်ကြည့်နေခဲ့သည်။

Nameless Playboy (Complete)Where stories live. Discover now