Final

16.4K 559 37
                                    

(Uni) သူမရှိတဲ့နေ့ကစပြီးမင်းခရဲ့အိမ်လေးဟာ ခြောက်သွေ့၍ပစ္စည်းပစ္စယများရှူပ်ပွပြန့်ကျဲနေသည်မှာ မြင်လို့မကောင်းပင်။ အလင်း အိမ်ထဲဝင်ဝင်ချင်းထိုကဲ့သို့မြင်ရ၍ သိပ်စိတ်မကောင်းဖြစ်မိသည်။

ဘေးနံရံများတွင် သူ့ရဲ့photo cardများကိုကပ်ထားသည်ကိုမြင်ရ၍ သူပျော်မိ၏။

အိမ်ထဲစဝင်ကတည်းက သူ့မှာပျော်ရွှင်ဝမ်းနည်းခြင်းတွေ ပြိုင်တူခံစားရလေသည်။

*ကျွန်တော့်လူကြီးက ကျွန်တော့်ကိုတကယ်ချစ်မှန်းသိတော့ အရမ်းဝမ်းသာတာပေါ့..*

သူ့အနောက်မှာကပ်လျက်ပါလာသောမင်းခကို တစ်ချက်လှည့်ကြည့်ပြီး မင်းခရင်ခွင်ထဲတိုးဝင်လာလေသည်။

"တကယ်ပြောတာနော် ကိုမင်းခကိုကျွန်တော်နောက်ဘယ်တော့မှထားမသွားတော့ဘူး နောက်ဘယ်တော့မှပျောက်ကွယ်မသွားတော့ဘူး ကိုမင်းခရှိနေသရွေ့ကျွန်တော်လည်းဆက်ရှိနေပေးပါ့မယ်"

"ဟုတ်ပါပြီ အလင်းရယ် ရုတ်တရက်ကြီးဘာဖြစ်တာလဲ ကြည့်ကြည့် ငိုပြန်ပြီ.....မငိုပါနဲ့ကွာ.."

သူ့ရင်ခွင်ထဲခိုဝင်ပြီးငိုယိုနေသောအလင်းကျောကို လက်နဲ့ပွတ်သပ်ရင်းနှစ်သိမ့်ပေးလေ၏။

"ငိုလွန်းအားကြီးရင် မျက်လုံးကြီးဖောယောင်လာလိမ့်မယ် တိတ်တော့ အလင်းမတိတ်ရင် ကိုယ်စိတ်ဆိုးမှာနော်..."

မင်းခ မျက်နှာတည်ကြီးနဲ့ပြောလိုက်ရင် အလင်းမျက်ရည်ဝဲလည်နှင့်သူ့ကိုမော့ကြည့်လိုက်ပါသည်။

"တကယ်စိတ်ဆိုးရဲတယ်ပေါ့ "

"အလင်းမတိတ်ရင်တကယ်စိတ်ဆိုးမှာ"

"ချစ်ရင်စိတ်မဆိုးရဘူး ဒီကတကယ်ကိုမင်းခအတွက်စိတ်မကောင်းဖြစ်မိလို့ငိုတာကို"

"ကိုယ်အဆင်ပြေတယ် နောက်ကိုယ့်အတွက်လုံးဝမငိုနဲ့ မင်းငိုတာကိုမမြင်ချင်ဘူး...."

"ဟင့်.....နောက်မငိုတော့ပါဘူး...."

"ကဲ တော်ပါကွာ.....လာ.. ကိုယ်စိုက်ထားတဲ့ပန်းတွေဘယ်လောက်ထိပွင့်နေပြီလဲ လိုက်ကြည့်လေ...လာ"

Nameless Playboy (Complete)Where stories live. Discover now