Part-12

8.7K 503 13
                                    

(Unicode) "ငါ...ငါနင့်ကိုမြင်ဖူးတယ်"

အလွန်းရဲ့စကားကြောင့် အလင်းမျက်လုံးပြူးလေးနှင့်ကြည့်နေမိသည်။ ရုတ်တရက်ပါးကိုဆွဲဖြဲလိုက်၍ အလင်းအတော်ပင်အနေခတ်သွားသည်။

" မမ....မမ..... ဘာလို့လဲ"

"ဟယ်.....ဟုတ်သားပဲ......လိုက်ခဲ့လာ......"

အလွန်းကရုပ်ကလေးချစ်စရာကောင်းသလောက်လက်ရဲနိုင်သည်။ ဘယ်သူဆိုပြီးသိပ်ပြီးအရေးမစိုက်တတ်။ အလင်းကိုလည်း လက်အတင်းဆွဲ ပြီးခေါ်သွားရာ...မင်းခမျက်လုံးတွေပြူးကာ မြိုချလုဆဲဆဲတံတွေးသီးသွားသည်။

"အဟွတ်......အဟွတ်......ဘယ်ကို...ဘယ်ကို"

အလင်းကို သူမပန်းချီဆွဲခန်းထဲခေါ်သွားသည်။

"မမရာ..ဖြည်းဖြည်းလုပ်....."

ပြောနေစဉ်မှာပင် သူ့ရဲ့ပုံတူပန်ချီးကားလေးတစ်ချပ်ကိုတွေ့လိုက်ရ၍ အလင်းအံ့သြ သွားသည်။

"ဒါ....ဒါ....ကျွန်တော့်......."

"ဟုတ်တယ် အဲ့ဒါမင်းပုံလေ......ဒါဆိူမင်းကစိတ်ထားကောင်းတဲ့ကောင်လေးပေါ့...."

"မမကကျွန်တော့်ကိုဘယ်တုန်းကဘယ်လိုတွေ့လို့....."

"ဒါကတော့ဒီလိုပေါ့ စေတနာမေတ္တာကိုအလေးထားဆွဲထားတဲ့ပုံလေး.....မင်းနဲ့ကလေးလေးရဲ့ပုံစံကအရမ်းချစ်စရာကောင်းလို့ဆွဲခဲ့တာ.... အခုတော့လည်းငါဆွဲတဲ့ပန်းချီကားထဲကပိုင်ရှင်လေးကိုတွေ့ပြီပေါ့..."

"ကျွန်တော်အဲ့လောက်ကြီးစိတ်ထားမကောင်းပါဘူး😁😁 မြှောက်မပြောပါနဲ့လား.....😅😅"

သူတို့နှစ်ယောက်ရယ်မောသံလေးတွေက.  မင်းခအတွက်ငှက်ဆိုးသံလိုပင်။

*အံမယ်လေးဗျာ.....ဖြစ်ပျက်နေလိုက်ကြတာ.....တကယ်ပဲ.....အိမ်ပြန်ရောက်မှတွေ့မယိ ဒင်းလေးတော့*

ညနေစောင်းအိမ်ပြန်ချိန်လေးမှာ...............အလင်း..မင်းခရဲ့ကားပေါ်အတက်

"အလင်း...မမသွားပြီနော်.......Bb"

"ဟုတ်...မမ"

အလွန်း သူ့ကိုနူတ်ဆက်ပြီးချိန်မှာ သူကားထဲဝင်ထိုင်လိုက်သည်။

Nameless Playboy (Complete)Where stories live. Discover now