Part-2

18.3K 945 17
                                    

(Unicode) အခန်း၁၀တံခါးကိုဖွင့်ဖို့သူမရင်လေးနေမိသည်၊ လက်တွေတုန်တုန်ချိချိနှင့်။

ကျွီ. . . . . . .. .

ထိုစဉ်မှာပဲ သူတံခါးကိုဖွင့်လိုက်သောကြောင့် မဝတ္တီခိုင်လန့်သွားသည်။

"အမယ်လေး လန့်လိုက်တာ ကလေးရယ်"

ထိုသူကတံခါးဝကနေ သူ့ကိုပြုံးပြုံးလေးကြိုဆိုနေသည်။

"အထဲမဝင်ဘူးလား  မဝတ္တီ"

ဟယ် ခုမှမြင်ဖူးတာကို နာမည်ကိုဘယ်လို. . . . . တော်လိုက်တာကွယ်. . . 

သူက ဝတ္တီခိုင်ရဲ့လက်ကိုဆွဲပြီးအခန်းထဲခေါ်သွားသည်။ ဒေါ်ဝတ္တီခိုင်မှာ ခပ်ချောချောကောင်လေးရဲ့ထိတွေ့မူကြောင့်သူမအရင်ကနဲ့မတူ ရင်ခုန်နေသည်။ ထိုကောင်လေးကသူမရဲ့အကျႌကိုပုခုံးထိအောင် ဆွဲချွတ်လိုက်၍ သူမလန့်သွားသည်။

"အိုး. . . .  လန့်လိုက်တာ"

သူငါ့ကိုဘာလုပ်မလို့ပါလိမ့်. . . . .   . . Playboyတွေများခြေမြန်လက်မြန်. . . . . . .   😁😁

"ဘာတွေးနေတာလဲ မမ မှောက်လိုက်တော့. "

"ဟင်"

အတွေးလွန်နေရာ ထိုသု့အသံကြားမှ သူမကိုယ်သူမပြန်ကြည့်ရာ ဝတ်လစ်စလစ်ဖြစ်နေပေပြီ။

"အိုကွယ် မင်းမလွယ်ပါလား"

သူမရှက်ပြီး လက်နှစ်ဖက်နဲ့ရင်ဘတ်ကိုအုပ်ကာလိုက်သည့်ပုံကိုကြည့်ပြီး သူရယ်နေ၏။

"ဘာရယ်တာလဲ"

"မမအချိန်ဆွဲလွန်းနေသလားလို့. . . ကျနော်အကြောပြေအောင်နှိပ်ပေးမလို့ပါ သက်တောင့်သက်သာအိပ်လိုက်ပါ ကျနော်ဘာမလုပ်ပါဘူး 😊😊"

တွေးချင်နေရာလွှတိတွေးနေပေမယ့် ဟိုကစကားကြောင့် သူမအားမလိုအားမရဖြစ်သည့်ပုံနှင့် အိပ်ယာပေါ်အိပ်လိုက်သည်။

မကြာခင်မှာပဲ သူ့ရဲ့လက်နုနုလေးတွေနှင့်အတူ မွှေးနေသောခရင်တစ်ခုကြောင့် သူမအတော်ပင်နေကောင်းလာသလို ကျောပြင်တစ်ခုမှာလည်း ညောင်းညာနေသမျှတွေ တဖြည်းဖြည်းပြေလျော့နေသလိုခံစားရသည်။ ထိုသူ့ရဲ့လက်ကလေးတွေကို သူမအလွန်ပင်နှစ်သက်နေမိသည့်ပုံနှင့်။
အချိန်တော်တော်ကြာ သူမ ထိုသူရဲ့ငြို့ချက်တွေကြောင့် အိပ်ငွေ့မိသွားသလိုအိပ်ပျော်သွားလေသည်။

Nameless Playboy (Complete)Where stories live. Discover now