Part-23

6.4K 408 31
                                    

(Uni) "မင်း...ပြန်လို့ရပြီ...."

ရဲအရာရှိစကားကြောင့် မင်းခကြောင်သွားသည်။

"ဟန်....ဘယ်လို.....ပြန်ရပြီဟုတ်လား..."

"လွတ်ငြိမ်းခွင့်ပေးလိုက်ပြီတဲ့....သူတို့ဘက်ကကြည်ဖြူစွာခွင့်လွတ်ပေးတယ်တဲ့ သူတို့bossကမသေခင်သေတမ်းစာထဲမှာ တရားခံကိုခွင့်လွတ်လိုက်ပါလို့ပြောထားတယ်တဲ့... "

*ဟင်း........သူတို့ဘက်ကမှားတာပဲကိုး....ခွင့်လွတ်ပေးရမှာပေါ့...သူ့တပည့်တွေကအသိတရားဝင်တာမြန်ပါလား...အလင်း မင်းရောငါရောအပြစ်မရှိတော့ဘူးသိလား.....ဘာမှကြောက်မနေနဲ့တော့....... 😊😊😊*

မင်းခအတွေးထဲကနေ ကျေနပ်စွာပြုံးပြီး ပြန်ထွက်လာခဲ့သည်။

*အလင်းသာ ဒီသတင်းကိုသိရင် ဘယ်လောက်ဝမ်းသာမလဲ...*

ကားစီးရင်း မင်းခတော်တော်ပျော်နေပေသည်။

*ဒါနဲ့လေ....Mr.Jackကမတော်တဆသေတာလေ.    သေတမ်းစာကဘယ်လိုရေးလိုက်တာတုန်း.....😳😳 မဖြစ်နိုင်တာ...သူတို့ညာနေတာ.....အလင်း......*

သူရုတ်တရက် အတွေးဆိုးတစ်ခုကြောင့် ကားကိုမြန်မြန်မောင်းလာလေ၏။      ကျွီ.......~~~~~~~~~

အရှိန်နှင့်စီးလာသောကြောင့် ကားကိုအတင်းဘရိတ်အုပ်လိုက်ရသည်။ ထို့နောက်ကားထဲမှအတင်းပြေးထွက်ကာ အိမ်ထဲပြေးဝင်လာ၏။

"အလင်းရေ.............အလင်း.......အလင်း.............."

တစ်အိမ်လုံးနှံ့နေအောင်ရှာပေမယ့် အလင်းကိုလုံးဝရှာမတွေ့ပေ။

*ဟင့်အင်း......မဖြစ်နိုင်ဘူး......သူတို့ဒီအိမ်ကိုသိမှမသိတာ.....ဘယ်လိုလုပ်အလင်းကိုဖမ်းလို့ရမှာလဲ......သူတို့စုံစမ်းရင်တောင်ရှာမတွေ့နိုင်တာကို.....အလင်းအဖမ်းခံလိုက်ရတာတော့မဖြစ်နိုင်ပါဘူး.....ပြတိုက်ကိုများသွားတာလား..*

မင်းခပြာယာခတ်ပြီး ကားထဲ ပြန်ဝင်ကာ ပြတိုက်ဆီသို့မောင်းလေ၏။ တစ်လမ်းလုံးလည်း အလင်းကိုဖုန်းဆက်နေ၏။ တစ်ချိန်လုံးပင်။.................

"တင်.....တီ.....တီ........တီ........တီ.....တင်န်........တီ.တီ.......တီ......တီ.........တီ......တင်......ဟား....ဟား....ဟား......."

Nameless Playboy (Complete)Where stories live. Discover now