Part-20

7.5K 550 18
                                    

(Uni) နှစ်ရက်ခန့်ကြာသော်...........

"မင်းခရေ.....မင်းခ...."

အလုပ်မလာတာကြောင့် အလွန်း မင်းခအိမ်ကိုလိုက်လာခြင်းပင်။ အထဲကဘာသံမှမကြား၍ တံခါးကိုလှည့်ဖွင့်လိုက်ရာ.....

*ဟင်....လော့ချမထားဖူးပဲ*

ဒါနဲ့သူမအထဲကိုဝင်လာလေရာ....ဧည့်ခန်းမှာအရက်ပုလင်းတွေနဲ့ ပွက်ချပေါက်နေသော စားပွဲ.....ဆွတ်ဖာပေါ်မှာ အရင်ကမင်းခနှင့်မတူ စုတ်ပြက်နေသောမင်းခကိုတွေ့လိုက်ရသည်။

"ဟဲ့....မင်းခရယ် သတိထားပါဦး..."

သူမ မင်းခပုခုံးကိုလှူပ်နှိူုးလိုက်သည်။

"ဟင်......အလင်းလား........"

မင်းခတကယ်ကို အလင်းကိုစွဲလမ်းသွားသည့်ပုံစံ။ အလွန်းကို သူမှတ်ပြီးဆွဲဖက်လိုက်သည်။

"လွမ်းလိုက်တာအလင်းရယ်......ဘယ်ပျောက်သွားတာလဲ....ဟင်...အလင်းဆံပင်တွေရှည်လာတာလား.."

အလွန်းရဲ့ဆံပင်တွေကိုသူကိုင်ကြည့်ရင်း အရက်ကြောင်ကြောင်နေပေသည်။

"မင်းခ....သေချာကြည့်ပါဦးဟယ် ငါကအဲ့ဒီကောင်နဲ့တူစရာလား.."

သူသေချာပြန်ကြည့်မှ အလွန်းမှန်းသိ၍ ဖက်ထားရာမှ ပြန်လွှတ်လိုက်သည်။ အယ်ကိုတို့ကအလင်းမှအလင်း😁😁😎😎😎

"sorryအလွန်း ဘာလာလုပ်တာလဲ...."

"နင်အလုပ်မလာလို့.  ဘာဖြစ်တာလဲ လာကြည့်တာ"

"မနက်ဖြန်ကျလာခဲ့မယ်..... နင်ပြန်တော့......"

"မင်းခ နင်ဘာလို့ငါ့ကိုစိမ်းကားနေတာလဲ........နင်ချစ်ရတဲ့သူနဲ့စကားများခဲ့လို့လား"

"ဟုတ်တယ် ငါ့ချစ်သူခုအိမ်ကဆင်းသွားပြီ"

ထိုစကားကြောင့် အလွန်းအရမ်းစိတ်တိုသွား၏။

"မင်းခ နင်စိတ်ထိန်းစမ်း.....အလင်းကယောကျာ်းလေးလေ ငါနင့်အပေါ်ဒီလောက်ကောင်းနေခဲ့တာကိုဘာလို့ငါ့ကျစိတ်မဝင်စားပဲ ဘာလို့အဲ့ကောင်လေးကိုသွားကြိုက်ရတာလဲ"

"မငး့်ပါးစပ်ပိတ်စမ်းအလွန်း......ငါ့ဘာငါဘယ်သူ့နေနေကြိုက်ခွင့်ရှိတယ် မင်းဆရာလာမလုပ်နဲ့.....မင်းကိုငါမုန်းတယ်"

Nameless Playboy (Complete)Where stories live. Discover now