Part-19

7.2K 490 8
                                    

(Uni) ပြတိုက်အနောက်ဖက်ကသစ်ပင်လေးအောက်မှာ အလင်းကုတ်ကုတ်လေးထိုင်ကာ ငိုနေတော့သည်။ မင်းခသူ့ကိုလိုက်ရှာနေဆဲ..................

ဘယ်နားကမှန်းမသိတဲ့သူ့ငိုသံလေးကြောင့် မင်းခရင်ထဲတဆက်ဆက်တုန်အောင်နာကြင်ရသည်။ အကုန်လှည့်ပတ်ရှာလေရာ နောက်ဆုံးတော့ထိုကောင်လေးကိုသူတွေ့လိုက်ပါပြီ။

"အလင်း......အလင်း မငိုပါနဲ့ကွာ..........တိတ်တော့.....စိတ်ထဲမထားနဲ့......"

မင်းခ သူ့ကျောလေးကိုပွတ်သပ်ပြီး နှစ်သိမ့်ပေး၏။ ထိုအခါမှ သူငုံ့ထားသောခေါင်းလေးမှာ မင်းခဘက်သို့မော့လာလေသည်။

"ကိုမင်းခ.......ကျွန်တော်က ဘယ်လိုပဲပြုပြင်ဖို့ကြိုးစားကြိုစား...ကျွန်တော့်ရဲ့playboyဆိုတဲ့အမည်ခံကြီးကပျောက်မှာမဟုတ်တော့ဘူး  "

"မငိုပါနဲ့.......ဒါတွေကိုစိတ်ထဲမထားပါနဲ့ လူတိုင်းဒီလိုအခက်အခဲမျိုးတွေကိုကြုံရစမြဲပါ.....ငါဆိုရင်လည်းအရင်ကမိဘမဲ့ဆိုပြီးအလုပ်ခွင်မှာအနှိမ်ခံခဲ့ရတယ် ဒါပေမယ့် ငါဒါတွေကိုဂရုမစိုက်ဘူး လျစ်လျူရှူပြီးကြိုးစားတော့ ဘယ်သူမှငါ့ကိုမနှိမ်ရဲတော့ဘူး....မင်းလည်းဒါတွေကိုလျစ်လျုရှူလိုက်ပါအလင်းရာ"

မင်းခပြောရင်း အလင်းပါးပြင်ပေါ်ကမျက်ရည်တွေကို လက်နဲ့သုတ်ပေးလိုက်သည်။

"မဟုတ်ဘူးကိုမင်းခ.......ကျွန်တော်က ကိုမင်းခပေးထားတဲ့အလင်းဆိုတဲ့နာမည်နဲ့မတန်ဘူး.....ကျွန်တော်ကplayboyက playboyပါပဲ... ကျွန်တော့်နေရာကိုကျွန်တော်ပြန်ပြီး ကျွန်တော်လုပ်ရမယ့်အလုပ်ကိုပဲလုပ်ပါတော့မယ်"

အလင်းပြောရင်းဆိုရင်း ထပြေးသွားတော့သည်။

"အလင်း........."

မင်းခအမှီလိုက်ပြီး အလင်းခါးလေးကိုတင်းကြပ်စွာဖက်ထားလိုက်သည်။

"မင်းမသွားရဘူး..အလင်း"

"ကျွန်တော့်ကိုလွှတ်ပေးပါ...... ဒီနေရာနဲ့မတန်ပါဘူး....တကယ်မတန်ဘူး"

"ဒါဆိုမင်းကိုချစ်တဲ့ငါလည်း ဒီနေရာနဲ့မတန်ဘူး"

မင်းခရဲ့စကားကြောင့် သူရုန်းကန်နေရာမှ ရပ်သွားသည်။ ထိုစဉ်မင်းခသူ့ရှေ့သို့ရပ်လိုက်ပြီး သူ့ပုခုံးကိုတင်းကြပ်စွာကိုင်လိုက်သည်။

Nameless Playboy (Complete)Where stories live. Discover now