Part-27

6.5K 467 12
                                    

(Uni) ဒီနေ့နဲ့ဆိုရင် အလင်း လောကကြီးမှထွက်သွားသည်မှာ ၅လပင်ရှိခဲ့ပြီ။.......... မင်းခမှာအလင်းဖြစ်စေချင်သည့်အတိုင်းအကောင်းဆုံးကြိုးစားနေထိုင်ခဲ့သည်။ အလုပ်ထဲမှာလည်းကြိုးစားသောကြောင့် ပြတိုက်ကြီးမှာလည်းနဂိုကထက်ပင် လူများစည်ကားလျက်ရှိသည်။

မသွားတာကြာပြီဖြစ်တဲ့ သူ့အဒေါ်အိမ်သို့သူသွားမည်ဟုစိတ်ကူးကာ ကားလေးနှင့်မင်းခထွက်လာခဲ့၏။

*အံမယ် ဟုတ်တိပတ်တိ ဒေါ်လေးအိမ်မှာနေနေပါလား...*

.ကားလည်းဂိုဒေါင်ထဲမှာအကောင်းတိုင်းရှိနေတာမို့ ဝတ္တီခိုင် လိမ်မာနေပြီလားဟု ထင်မှတ်ခဲ့ရပါသည်။

မင်းခကားကိုရပ်ပြီး အိမ်ထဲကိုဝင်လာလေ၏။....ဧည့်ခန်းမှာလည်းတိတ်ဆိတ်လို့.....

ဒါကြောင့်မင်းခ ဒေါ်ဝတ္တီခိုင် အခန်းသို့ခြေဦးတည့်လာခဲ့သည်။...

*အံမယ် တံခါးတောင်လော့မချဘူး......*

မင်းခလည်း ခြေမြန်လက်မြန်နဲ့..တံခါးကိုဆွဲဖွင့်လိုက်သည်။

"ဒေါ်လေး အိပ်......."

"အိုကွယ်........................"

"ဟာ........................"

မင်းခအမေးတောင်မဆုံးပါဘူး။.မျက်စိရှက်လွန်း၍ တစ်ဖက်သို့ချက်ချင်းလှည့်လိုက်ရသည်။..ဒေါ်ဝတ္တီခိုင် မှာ.နောက်ထပ်playboyလေးတစ်ယောက်ကို အိမ်ပေါ်သို့တင်ခေါ်၍ပျော်ပါးသည့်အဆင့်ထိပင်။ မင်းခလာမှ.ထိုကောင်လေးလည်းဝတ္တီခိုင်ကိုအုပ်မိုးထားရာမှ ပြန်ထလိုက်ပြီး အကျႌတစ်ထည်ကောက်ဆွဲဝတ်လိုက်သည်။ ဒေါ်ဝတ္တီခိုင် လည်းချက်ချင်းအကျႌဝတ်လိုက်၏။

"တူလေးရယ်.....အသံမပေး ဘာမပေးနဲ့ဝင်လာစရာလား.."

"သြော် မမရဲ့တူလား....."

"အင်း...."

*ဘုရားရေ......playboyတွေရဲ့အသံက အတူတူပဲလား....ဘာလို့အလင်းအသံနဲ့အရမ်းတူနေရတာလဲ......*

ထိုplayboyလေးအသံက မင်းခရင်ကိုလှူပ်ခတ်စေလာ၍ မင်းခ ချက်ချင်းသူတို့ဘက်ကိုလှည့်ကြည့်လိုက်သည်။

ဝတ်စားထားပုံက ပထမဆုံးအလင်းကိုတွေ့သည့်ပုံစံလေးအတိုင်းပင်။ သို့သော်ရုပ်မှာတအားကြီးမဆင်ပေ။ အသက်တူတူလောက်ပင်ဖြစ်မည်ထင်ရသည်။....

Nameless Playboy (Complete)Where stories live. Discover now