Part-17

7.8K 561 18
                                    

(Uni) အလင်း.ကို  ဆရာခေါ်ကာအိမ်သို့စမ်းသပ်စေခိုင်းသည်။
အိပ်ယာပေါ်မှာမေ့မျောနေသောထိုကောင်လေးကိုကြည့်ရင်း မင်းခစိတ်မကောင်းဖြစ်မိသည်။

"ဒေါက်တာ....သူစိုးရိမ်စရာရှိလားဟင်"

"ရှိတယ် သူ့ကိုနောက်ဒီလောက်ကြီးစိတ်ဒုက္ခဖြစ်တာတွေမကြုံရပါစေနဲ့.......သူ့နှလုံးအားနည်းတဲ့လက္ခဏာတွေ့တယ်.  ခဏခဏစိတ်ဒဏ်ရာရရင် သူနှလုံးရောဂါရလိမ့်မယ် "

"ဗျာ......"

ဆရာဝန်စကားကြောင့် မင်းခလန့်သွားသည်။

"စိတ်မပူပါနဲ့ သူ့ကိုခုအတောတွင်း ဘာမှစိတ်ညစ်စရာတွေမတွေးခိုင်းစေနဲ့....နှလုံးအားတိုးဆေးတိုက်ပါ ဆေးပေးသွားမယ်"

လိုအပ်တာတွေမှာပြီး ဆရာဝန်ပြန်ကြွသွားလေသည်။

မင်းခစိတ်မကောင်းစွာနဲ့ အလင်းရဲ့လက်ကလေးတွေကိုဆုပ်ကိုင်မိလေသည်။

*အလင်းရယ်.........ဘယ်လိုတောင်ဖြစ်သွားရတာလဲ....သူ့မှာလည်းဒုက္ခမျိုးစုံကြုံခဲ့ရတာဆိုတော့စိတ်ထိခိုက်တာတွေများနေမှာပေါ့...........အလွန်းကငါ့ကိုကြိုက်နေတယ် ခလေးရဲ့........ကိုယ်ကတော့စိတ်ချ....မင်းကိုပဲကြိုက်တာ.....ဘယ်သူ့ကိုမှကိုယ်စိတ်မဝင်စားဘူး......မင်းလေးထပ်ပြီးစိတ်ထိခိုက်ရမှာဆိုးလို့..........မင်းကတကယ်ချစ်စရာကောင်းတဲ့သွက်လက်တဲ့ကောင်လေးတစ်ယောက်ပါ........ဒါ့ကြောင့်လည်းငါစိတ်ဝင်စားသွားတာထင်တယ်......မင်းဘယ်ဆိုးလို့လဲ ငါ့နှလုံးသားကိုခိုးရဲတယ် ...😁😁😁*

ည၈နာရီကျော်ကျော်မှ အလင်းအိပ်နေရာမှချက်ချင်းထလိုက်သည်။အပြင်ဖက်မှာလဲ မိုးလေးတဖွဲဖွဲနှင့် မိုးရာသီကိုသီကြူးအလှဆင်နေ၏။

"ကိုမင်းခ.......ကိုမင်းခ......."

သတိရလာသော် ဂယောင်ဂတမ်းထအော်လေရာ....မင်းခအခန်းထဲပြေးဝင်လာလေ၏။

"ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ အလင်း"

မင်းခရောက်လာမှ အလင်း သတိပြန်ဝင်လာသည်။ မင်းခသူ့အနားရောက်လာမှ သူအော်နေရာမှရပ်လိုက်သည်။

"မဟုတ်ဘူး......ကျွန်တော်အိပ်မက်မက်နေတာ.....တကယ်မဟုတ်ဘူး"

"မင်းကငါ့ကိုအိမ်မက်ထဲထည့်မက်လို့ပါလား.....ဘာလို့အဲ့လောက်အော်ရတာလဲ.....မင်းအိပ်မက်ထဲငါကဘာဖြစ်နေလို့လဲ"

Nameless Playboy (Complete)Where stories live. Discover now