Part-30

8K 545 27
                                    

(Uni) *မင်းအသံ မင်းရဲ့ကိုယ်သင်းနံ့ မင်းရဲ့မျက်ဝန်းတွေကို.ငါမမှတ်မိတော့ဘူးထင်လို့လားအလင်း........ငါ့ကိုမညာချင်ပါနဲ့...*

မင်းခလည်းအလျှော့မပေး.ထိုကောင်လေးနောက်ကို တစ်စိုက်မတ်မတ်လိုက်လာလေသည်။ ထိုကောင်လေးမှာခြေလှမ်းတွေမြန်သောကြောင့် မင်းခသူ့နောက်ကိုပြေးလိုက်လာသည်။

"အလင်း......."

"ခင်ဗျား လိုက်မလာနဲ့လို့ "

ထိုကောင်လေး သူ့အခန်းနားရောက်တော့ ချက်ချင်းပဲ ပြေးဝင်ပြီး တံခါးကိုပိတ်ဖို့ရွယ်လိုက်သည်။

ဒုန်း....................အား..................

ထိုအချိန် မင်းခလက်နှင့်လှမ်းတားလိုက်၍ မင်းခလက်ဟာ တံခါးနှင့်ညပ်သွားလေသည်။ မင်းခရဲ့အော်သံကြောင့် ထိုကောင်လေးတံခါးပိတ်ရာမှ ပြန်ဖွင့်လိုက်သည်။

"ကိုမင်းခ....... "

မင်းခရဲ့နာကြင်မူကြောင့်အော်သံဟာ ထိုကောင်လေးရဲ့စိတ်ကိုလုံးဝထိန်းချုပ်မရနိုင်အောင်ဖြစ်စေခဲ့သည်။ အမှတ်တမဲ့သူ့နာမည်ကိုလှမ်းခေါ်မိ၍ မင်းခ ထိုကောင်လေးဟာအလင်းဖြစ်ကြောင်း ချက်ချင်းကောက်ချက်ချနိုင်ခဲ့သည်။

"အလင်း.......မင်း....မညာပါနဲ့တော့.......ငါမင်းကိုအလင်းမှန်းသိတယ် "

"မဟုတ်ဘူး ကျွန်တော်အဲ့အလင်းဆိုတဲ့သူကိုမသိဘူး"

"အဲ့ဒါဆိုဘာလို့ငါ့နာမည်ကိုမင်းကသိနေရတာလဲ "

"No1 playboy ဆီကသိတာ "

"ဒါဆိုမင်းငါ့ကိုဘာလို့ရှောင်နေတာလဲ   မင်းငါ့ကိုမသိဘူးပြောပြီး ဘာလို့ရှောင်ခွာနေတာလဲ."

"မရှောင်ပါဘူး ကိုယ်မသိတဲ့သူတစ်ယောက်ကိုဘာလို့ရှောင်ရမှာလဲ ကျွန်တော်တို့ကအလုပ်ချိန်မှာ ဘယ်သူနဲ့မှစကားမပြောရလို့ရှောင်တာပါ"

"အဲ့ဒါဆိုမင်းခုနကဘာလို့ငါ့ကိုကြည့်နေတာလဲ"

"မကြည့်ပါဘူး....... "

"ခုနကဘာလို့မင်းရင်တွေခုန်နေတာလဲ မင်းရင်ခုန်သံတွေကိုငါမကြားဘူးထင်လို့လား"

"လူပါဆို ရင်မခုန်လို့ဘယ်ရမလဲ ရင်မခုန်ရင်သေ သွားမှာပေါ့ ခင်ဗျားပြန်ဗျာ "

Nameless Playboy (Complete)Unde poveștirile trăiesc. Descoperă acum