Part-18

7.5K 507 14
                                    

(Uni) သူတို့ရဲ့မနက်ခင်းလေးသည် မိုးအ့ုံအုံ့မှိူင်းမှိူင်းလေးနှင့်အစပြုခဲ့သည်။

"ဟေ့.....မထသေးဘူးလား"

မင်းခရဲ့အသံကြောင့် အလင်းအိပ်ယာမှလူးလဲကာထလာလေသည်။ ညကမရှိသောအဝတ်တွေက မနက်မှာသူ့ကိုယ်ပေါ်ပြန်ရောက်နေတာကြောင့် အလင်း လန့်သွားသည်။

*ဟ....ဘာလား.......မနေ့ညကငါသူနဲ့မဖြစ်ခဲ့ဘူးလား.....ဒါတွေကဘယ်လိုလုပ်ငါ့ကိုယ်ပေါ်ပြန်ရောက်နေတာလဲ*

အလင်း အိပ်ယာပေါ်မှ ထိုင်လျက်လေးစဉ်းစားနေတာကြောင့် မင်းခသူ့နားဖျားလေးကို ခပ်ဖွဖွကိုက်ချလိုက်သည်။

"ဘာတွေအဲ့ဒီလောက်တွေးနေတာလဲ"

"အား....ခင်ဗျားနော်....ကျွန်တော့်အသားကိုမထိနဲ့"

"ခေါ်ပြန်ပြီလား ခင်ဗျားက...."

"မဟူတ်ဘူး ကိုမင်းခ.....ကျွန်တော့်ကိုမထိနဲ့ဗျာ ကျွန်တော်မကြိုက်ဘူး"

"ဟုတ်လို့လား.....မနေ့ညကငါကုပေးလိုက်တာ မင်းကိုယ်ပေါ်ကဒဏ်ရာတွေတော်တော်လေးပျောက်သွားပြီထင်တယ်"

မင်းခရဲသွယ်ဝိုက်သော စကားတွေကြောင့် အလင်းသတိတစ်ချက်ပြန်ဝင်လာသည်။

*ဟုတ်သားပဲ......အိပ်မက်မဟုတ်ဘူး.....တကယ်ကြီးဟ....ဟာ..ငါဘာလို့လက်ခံမိတာလဲ....ငါနဲ့သူကဘာမဟူတ်ပဲနဲ့*

အလင်း...မင်းခကိုမျက်စောင်းထိုးကြည့်မိပါသည်။

"ကိုမင်းခ အဲ့ဒီလိုလုပ်တာကကုပေးတာလား ကိုမင်းခလူညာကြီးပဲ"

"ဟ ငါတကယ်ကုပေးလိုက်တာလေ.....မင်းသက်သာပြီထင်နေတာ....ဘာလဲ....ထပ်ကုပေးရဦးမလား"

"မဟုတ်ဘူး....မလိုတော့ဘူး.......တော်ပြီ....တော်ပြီ...တော်ပြီ"

ညကပုံရိပ်တစ်ချို့ကြောင့် အလင်း ရင်တွေခုန်လာလွန်း၍ ဆက်မပြောတော့ရန်တားမြစ်လိုက်သည်။

"ဟား...ဟား.....ဟုတ်ပါပြီဗျာ....အလုပ်သွားမယ်လေ ထတော့"

မနေ့ကအဖြစ်အပျက်တွေကြောင့် အလင်းအလုပ်သွားဖို့နှောင့်နှေးနေမိသည်။ အထူးသဖြင့် ဒေါ်ဝတ္တီခိုင်၏ မျက်နှာကိုထပ်တွေ့ရမှာကြောက်လွန်းလှသည်။

Nameless Playboy (Complete)Where stories live. Discover now