Part-11

9.3K 532 12
                                    

(Unicode) ဒုန်း......ဒုန်း.......ဒုန်း.,..............

"ဟိုတစ်ယောက် မထသေးဘူးလား"

မင်းခအတင်းပစ်အော်မှ အလင်းအိပ်ယာမှလူးလိမ့်ထလာရာ ဆံပင်တွေမှာဆုတ်ဖွာနေပေသည်။ လက်ခုံနှစ်ဖက်နဲ့ မျက်လုံးကိုပွတ်ရင်း အိပ်ချက်မူးတူးနှင့် တံခါးကိုဖွင့်လိုက်သည်။

"ဟင်........"

မင်းခ သူ့ပုံလေးကိုကြည့်ပြီး အမှတ်တမဲ့ပြုံးမိပါသည်။

"နောက်ကျနေပြီ....ဘာလို့မထသေးတာလဲ...အလုပ်လုပ်ရမယ်ဆိုတာမသိတာလား"

"ခင်ဗျားဘာခင်ဗျားအိမ်ပေါ်ခေါ်တင်ထားတာလေ ကျွန်တော်ကကျိုးကျိုးရိုးရိုးနဲ့ခယခေါ်ခိုင်းနေလို့လား...ဘာမှမလုပ်ဘူးဗျာ"

"မင်းအသက်ဘယ်လောက်လဲ.."

"သိဘူး......"

"အင်း....၁၈ ၁၉လောက်တော့ရှိလောက်ပြီ"

"ခင်ဗျားက ဘာလုပ်မလို့လဲ...."

"လူကြီးကိုပြန်မဟောက်နဲ့...ငါမင်းထက်ကြီးတယ် ရိုရိုသေသေဆက်ဆံရတယ်...မင်းကိုငါခိုင်းမယ်ဆိုတာထက် သင်ပေးချင်တာ"

"ကျွန်တော်ကဘာသင်ရမှာလဲ"

"အလုပ်အကြောင်းတွေပေါ့ သန့်ရှင်းရေးလုပ်ဆိုတာငါစပြောတာ မင်းကိုလူကောင်းလူမွန်ဖြစ်လာအောင်ငါသင်ပေးမှာ ပညာတတ်ဖြစ်အောင် အလင်းဆိုတဲ့နာမည်အတိုင်းလင်းလက်တောက်ပနေတဲ့သူတစ်ယောက်ဖြစ်အောင် ဘဝအသစ်ကိုစမယ်လေ"

မင်းခစကားတွေကြောင့် သူ့ရဲ့ငယ်စဉ်ကဘဝတွေ အနှိမ်ခံရတဲ့ဘဝတွေကိုပြန်မြင်ယောင်လာသည်။

အလင်းမှာဘာမှဂရုမစိုက်နိုင်....ပြန်ပြီးပြောဖို့လည်းမေ့နေသယောင်။ မင်းခစကားပြောဟန်တွေကိုကြည့်ပြီးကြောင်နေပေသည်။

"ငါပြောတာကြားလား"

မင်းခထိုသို့အော်လိုက်မှ သူသတိပြန်ဝင်လာသည်။ ထိုစဉ် မင်းခသူ့လက်ကိုဆွဲကာအခန်းအပြင်သို့ခေါ်သွားကာ ရုန်းကန်မူ မရှိ ပါသွားလေသည်။

မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး....မနက်စာစားကာ သူ့ကိုအလုပ်ဆီသို့ကားနဲ့ခေါ်သွားလေသည်။

Nameless Playboy (Complete)Where stories live. Discover now