Part-21

7.4K 432 8
                                    

(Uni) "အလင်းရယ်.......အစကတည်းကပြောခဲ့ပါလား.......ကိုယ့်ကိုခံစားရအောင်အရမ်းလုပ်တာပဲ.....ချစ်ဖို့ကောင်းလိုက်တာ...ကိုယ်နဲ့ပြန်လိုက်ခဲ့နော်...."

သူတို့နှစ်ယောက်ကိုယ်ချင်းထိကပ်နေသည့်ကြားက...ရင်ခုန်သံနှင့်အတူ တဂွီဂွီမြည်နေသောအလင်းရဲ့ဆာလောင်မူအသံတစ်ချို့ကိုကြားရ၍ ဖက်ထားရာက မင်းခ အလင်းကိုရင်ခွင်ထဲကပြန်ထုတ်လိုက်သည်။

"အလင်း.....မင်းအစာမှစားရဲ့လား....."

ထိုသို့မေးတော့သူခေါင်းရမ်းသည်။

"ဟင့်အင်း......."

"ဟာ..................."

မင်းခ ချက်ချင်းပဲသူ့လက်ကိုဆွဲကာထိုအမှောင်ခန်းထဲမှ ထုတ်ခေါ်သွားလေတော့သည်။

ဒီလိုနဲ့ အလင်းကိုသူ့အိမ်သို့တစ်ဖန်ပြန်ခေါ်လာလေသည်။
အလင်းကို သူကိုယ်တိုင် ထမင်းချက်ကျွေး၏။

"ဘယ်လိုလဲ......အရသာရှိရဲ့လား........"

မင်းခကိုယ်တိုင်ချက်ထားသော ထမင်းနှင့်ဟင်းကိုမြည်းပြီး အလင်းပြုံးမိသည်။

"ကောင်းတယ်.ကိုမင်းခကဟင်းချက်အရမ်းတော်တာပဲ"

သူ့ကိုမြှောက်ပြောနေ၍ မင်းခနေရခက်သွားသည်။

"ငါအဲ့ဒီလောက်ဟင်းချက်မတော်ပါဘူးကွာ 😅😅😅"

"ကျွန်တော့်အတွက်တော့ ကိုမင်းခကအတော်ဆုံးပဲ"

"ဟင်......အလင်း.......ကိုယ့်ကိုကိုမင်းခလို့မခေါ်နဲ့တော့... ကိုယ်တို့ကချစ်သူဖြစ်နေပြီလေ"

"အဲ့ဒါဆို ကျွန်တော်ကဘယ်လိုခေါ်ရမှာလဲ....."

"😊😊😊ကိုကိုလို့ခေါ်..."

မင်းခရဲ့စကားကြောင့် အလင်းတစ်ကိုယ်လုံးတုန်သွားလေသည်။

"ဟင်.....မခေါ်ချင်ပါဘူး......နွဲ့ရအောင်မိန်းကလေးလည်းမဟုတ်ဘူး"

"ဒါပေမယ့် ကိုယ့်အတွက်တော့မင်းကမိန်းကလေးပဲလေ😁😁"

"ဟင့် ခင်ဗျားနော်.....ကျွန်တော့်ကိုမိန်းကလေးလို့မပြောနဲ့😒"

"ခေါ်ပြန်ပြီ ခင်ဗျားက.....😒😒"

"ဟီး........sorry!😁😁"

Nameless Playboy (Complete)Where stories live. Discover now