Part-25

6.2K 410 16
                                    

(Uni) ချက်ချင်းပဲကြိုးဖြေပေးနေသူမင်းခကို တပည့်တွေဆွဲတားကြ၏။

"ကိုမင်းခ......ကိုမင်းခ......သူ့ကိုဘာမလုပ်ကြပါနဲ့...."

အလင်းမှာအသံဝင်နေသည့်ပုံနှင့် စန်ကွမ်းတို့ကိုလှမ်းအော်ပြောနေသည်။

မင်းခမှာ စန်ကွမ်းတပည့်တွေနှင့်တိုက်ခိုက်နေရင်း........

"သူ့ကိုပါသတ်လိုက်ကွ....ဒီကောင်လေးနဲ့ပတ်သက်တဲ့သူဟူသမျှအကုန်သေကြဟ......"

လူအများနဲ့မင်းသားနဲ့ချလို့ မင်းသားနိုင်တယ်ဆိုတာဇာတ်လမ်းတွေထဲမှာပဲရှိတာပါ..........အများနဲ့တစ်ယောက်ဆိုတော့လည်း မင်းခဘယ်နိုင်ပါ့မလဲ.....ပြီးတော့သူက fightingကျွမ်းတာမှမဟုတ်တာ.....ကောင်းကောင်းကိုမချတတ်တာကို....မင်းခ သူတို့ထိုးနှက်သမျှခံရတာပေါ့..

ဤမြင်ကွင်းဟာ အလင်းရင်ကိုခပ်ကြမ်းကြမ်းနာကြင်စေပါသည်။ သူဝင်ပြီးမင်းခအစားခံပေးချင်သော်လည်း သူ့ကိုယ်မှာချည်နှောင်ထားသောကြိုးများက မပြေသေးပေ။ သူ့လက်ကောက်ဝတ်တွေ သွေးထွက်လုမတတ် ညိုမည်းများစွဲသည်အထိ ရုန်းကန်နေပေ၏။ သု့ိသော်ထိုကြိုးများကမပြေ။

"တော်ကြပါတော့....သူ့ကိုမနှိပ်စက်ကြပါနဲ့.....ကျွန်တော်တောင်းပန်ပါတယ်...သူ့ကိုမထိုးကြပါနဲ့ "

မင်းခ ထိုလူများ၏ထိုးနှက်ခြင်းခံရ၍ အလင်းမျက်နှာတစ်ခုလုံးနီရဲနေအောင်အော်ဟစ်ငိုပြောတားဆီးနေသည်။

ဤဖြစ်ရပ်ကစန်ကွမ်းအဖို့ရယ်စရာပင်တည်း။

"ဟား....ဟား.....ကဲကောင်လေး မင်းတမလွန်မှာ ဆရာ့ရဲ့ထာဝရplayboyလုပ်လိုက်တော့....ဟေ့ကောင်တွေဒီကောင့်ကိုခေါ်ခဲ့......"

စန်ကွမ်းစကားကြောင့် တပည့်တွေကမင်းခကိုအပြင်ဘက်ကို ခွေးတစ်ကောင်ကိုဆွဲခေါ်သွားကြသည်။ မင်းခလည်း အားရှိသလောက်အတင်းရုန်းကန်ကာ အလင်းဆီသို့လှမ်းလာချင်နေပေသည်။ သို့သော်ဘယ်လိုမှလာလို့မရပေ။ ထိုလူများသူ့ကိုအပြင်သို့အတင်းဆွဲခေါ်သွားကြ၏။

"လွှတ်စမ်း......ငါ့ကိုလွှတ်.......အလင်း.......အလင်း..ဘာမဖြစ်ရဘူး.....အလင်း.......ဖယ်စမ်း....အလင်းကိုငါကယ်မယ်...."

Nameless Playboy (Complete)Where stories live. Discover now