Part-29

6.8K 490 12
                                    

(Uni) အခန်းတစ်ခုရဲ့ထောင့်မှာ ခွေခွေလေးထိုင်ပြီးကျိတ်ငိုနေသောသူတစ်ယောက်.........

"ဟေ့ တော်တော့လေကွာ......... "

playboyလေး ထိုသူ့ကျောကုန်းကိုပွတ်သပ်ပြီး နှစ်သိမ့်ပေးလေ၏။

"ဘာလို့ထပ်တွေ့ရပြန်တာလဲ   ငါသူ့ကိုမေ့ဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့်ဘာလို့မေ့လို့မရတာလဲ......"

"ဖူးစာပါရင်တော့ ဘယ်လိုရှောင်ရှောင်မရဘူးလေကွာ မင်းလည်းသူ့ကိုချစ်လို့ဒီလိုမျိုးအသက်ပြန်ရှင်လာခဲ့တာမလား.."

ထင်ထားတဲ့အတိုင်း အလင်းဆိုတဲ့ထိုကောင်လေးမှာကံကောင်းထောက်မစွာ မသေခဲ့ပေ။

(နောက်မှပဲအဲ့ဒီအကြောင်းပြန်ရှင်းခွင့်ပြုပါ😁)

"ငါသူ့ကိုမေ့ချင်တယ် သူနဲ့ငါနဲ့ကအခုဆိုလုံးဝမဖြစ်နိုင်တော့ဘူး ပိုဆိုးသွားပြီ "

ပြောနေရင်း အလင်းထပ်၍ငိုလာပြန်သည်။

"တော်ပါတော့ကွာ  .တိတ်တော့    မင်းသူ့ကိုမေ့ချင်တယ်ဆိုရင် အရင်ဆုံးဝမ်းနည်းမူတွေကိုဖျောက်ဖျက်လိုက်ပါ ဒီနေ့လည်းမမျှော်လင့်ပဲတွေ့ခဲ့ရတာကို.... "

"ငါ့ကိုသူရိပ်မိသွားမလားဟင် "

"ဟင့်အင်း  မထင်ပါဘူး   သူကမင်းကိုသေပြီလို့ယူဆထားတဲ့ဟာကို"

*ဒီနေ့တွေ့လိုက်ရတာ ကိုမင်းခကပိုပြီးကြည့်ကောင်းတယ် ပိုပြီးခန့်လာသလိုပဲ ကိုမင်းခကိုနောက်မတွေ့အောင်ကျွန်တော်ကြိုးစားရတော့မယ် ကျွန်တော်ကိုမင်းခကိုတွေ့ရင် ရင်ခုန်နူန်းတွေကိုမထိန်းနိုင်ဘူး....*

အလင်းထိုသို့တွေးနေစဉ် playboyကသူ့ကို ဆေးဗူးတစ်ခုလှမ်းပေးသည်။

"ဒါကအရင်ကဆေးထက်ပိုကောင်းတယ်လို့ပြောတာပဲ တစ်ခါစမ်းလိမ်းကြည့်ပေါ့"

"အမြဲပဲ မင်းကကောင်းတာချည်းပြောနေတာ လွန်ခဲ့တဲ့လေးလကတည်းကပဲ 😏😏😏"

"မဟုတ်ဘူး ဒီဟာကအင်ဒိုနီးရှားထုတ်ကွ ပိုပြီးကောင်းတယ် လိမ်းကြည့်ပေါ့  ငါဒိုးတော့မယ် ညကျ မမတစ်ယောက်နဲ့ထပ်တွေ့ရဦးမှာမို့ ဒီညတော့ဒီလာမအိပ်တော့ဘူး ဒါပဲ"

Nameless Playboy (Complete)Donde viven las historias. Descúbrelo ahora