Part-5

11.3K 677 11
                                    

(Unicode) ဒေါ်ဝတ္တီခိုင်မှာ သူစွဲလမ်းနေသောထိုကောင်လေးကိုမတွေ့ရတာနဲ့ ညှိူးနွမ်းနေသည်။ သူ့ကိုနေရာအနှံ့ရှာသော်လည်းမတွေ့တာမို့ သူမပိုခံစားရသည်။

ကလေးရယ် ပျောက်နေလိုက်တာ ဘယ်များရောက်နေပါလိမ့်. . ..ခဏတာနတ်သက်ကြွေလာတဲ့နတ်သားလေးများလား.  .မတော့မင်းကိုချစ်မိနေပြီ. . . .မင်းနဲ့တူတူအိပ်ချင်သေးတယ် မင်းအနမ်းလေးတွေကိုရယူချင်သေးတယ်. . ..  မကိုပစ်ထားခဲ့တာလားကွယ်. . . . . . . ..

သူမထိုသို့ playboyလေးကို စွဲလမ်းနေသည့်အကြောင်း သူတို့အိမ်မှ အိမ်စေမကြီးရိပ်မိလေသည်။.အမြဲတမ်းသူမနိုက်ကလပ်တွေ မာဆက်တွေကိုစုံအောင်သွားပြီး ထိုကောင်လေးကိုရှာနေသည်ကစပြီး အစေခံမသိသွားခြင်းပင်။
ဒေါ်ဝတ္တီခိုင်မှာ ဘဏ်စာအုပ်ကိုတစ်ချက်ကြည့်ရင်း  playboyလေးကိုစဉ်းစားမိရင်း ခေါင်းတွေပူထူနေသည်။

အိုး း း း ငါဘာတွေများဒီလောက်သုံးမိတာလဲမသိဘူး ငါ့ကိုတူလေးသတ်တော့မှာပဲ   အများကြီးသုံးမိသွားပြီ။  ကလေးကိုမတွေ့ရလို့စိတ်ညစ်ပါတယ်ဆိုနေမှ ပိုက်ဆံတွေကဘယ်လိုပြုတ်ကုန်တာလဲ ဟင့်ဟင့်.  ..  ..  ..  .

သူမမျက်နှာညှိူးနေချိန်မှာ မျှော်လင့်ချက်ဖုန်းcallလေး နိုးထမြည်လာလေသည်။

ကလင်.  ...  ကလင်. . . . .ကလင်. . . . . ..

"ဟဲလို ဝတ္တီပြောနေပါတယ် ဘယ်သူလဲမသိဘူး. . . "

"ဟို Night club BCကပါ."

"သြော် အင်း ပြောလေ ဘာလဲ"

"No 1ဒီနေ့လာတယ်လို့.  မမသူ့ကိုမျှော်နေတာမလား တွေ့ချင်လာခဲ့လေ သူရှိတယ် "

ထိုစကားကြားကတည်းက သူမရင်ထဲဒိန်းခနဲ ခုန်တက်သွားပြီး ေုခတွေလက်တွေချက်ချင်းအေးစက်သွားသည်။ ရင်ခုန်နှူန်းတွေသိပ်မြန်သွားရာ playboyလေးကသူမရဲ့အချစ်စစ်အလား း း. . ...

"တကယ်?   သူရှိတယ်လား.  ...  .ဟုတ်ပြီ. . .ခုလာခဲ့မယ် သူမပြန်စေနဲ့နော် လာခဲ့မယ် လာခဲ့မယ်"

ချက်ချင်းပြာယာတွေခက်နေသည်မှာ ဆယ်ကျော်သက်မိန်းမပျိုလေးအလား။ နူတ်ခမ်းနီးရဲရဲလေးဆိုးပြီး ကောက်နေသောဆံပင်ကိုလက်နဲ့ဖွာချလိုက်ကာ.ဘောင်းဘီအနက်ရောင်အရှည်နှင့် ခါးတိုးအကျႌလည်ဟိုက်တစ်ထည်ကိုဝတ်ဆင်ကာ အပြင်သို့ထွက်ရန်ပြင်လိုက်သည်။

Nameless Playboy (Complete)Où les histoires vivent. Découvrez maintenant