Part-7

10.4K 601 1
                                    

(Unicode) "ခင်ဗျားတို့ တော်တော်ယုတ်မာကြပါလား.........လွှတ်ပေးလို့ပြောနေတယ်လေ"

"မလွှတ်ပေးဘူးကွာ.....ငါမင်းကိုပိုင်ဆိုင်ရမှ မင်းအမေကိုလွှတ်ပေးမယ်"

"ခင်ဗျား ဘယ်လိုလူစားကြီးလဲ ယုတ်မာလှချည်လား"

အသံတွေဆူညံနေ၍ မင်းခတစ်ယောက်ခေါင်းကအရိုက်ခံထားရတဲ့ဒဏ်ရာနဲ့ ကုန်းကြုံးထလာ၏။ ဒဏ်ရာနဲ့မို့ ဖွင့်ကာစမျက်လုံးမှာ ဘာမှသည်းကွဲစွာမမြင်ရပေ။ သူ့ကိုယ်သူဘယ်ရောက်မှန်းမသိ။

ငါ... ဘယ်ရောက်နေတာလဲ...........

သူသေချာစဉ်းစားကြည့်တော့မှ သူဟာသံတိုင်တွေကာရံထားသော အချုပ်ခန်းတစ်ခုထဲရောက်နေမှန်းသတိထားမိတော့သည်။

ဟာ........ဒီကိုဘယ်လိုလုပ်ငါရောက်နေတာလဲ....😳😳😳......

သတိတစ်ချက်ရလိုက်ပြီဖြစ်တာကြောင့် ချက်ချင်းဆိုသလိုအမြင်ကြည်လာသည်။ အမြင်ကြည်လာတာနဲ့ ဘေးဘက်ကဆူညံနေသော လူစုကိုသူလှမ်းကြည့်မိသည်။

သူရောက်နေသောဂိုဒေါင်ကြီးမှာ ဟောင်းနွမ်းနေသော်လည်း ပျက်စီးနေသည်မထင်ရ။ အဆောက်အဦးအလွတ်ကြီးတစ်ခုဟုပင်ထင်ရသည်။ ဘေးဘက်တွင် အခန်းလွတ်သုံးခန်းခန့်ရှိမည်ဟုထင်ရသည်။ သူ့ကိုဖမ်းထားသောနေရာနှင့်မနီးမဝေးမှာ Mr.Jackဆိုသူ ကောင်လေးတစ်ယောက်နှင့်စကားများနေကြသည်ကိုသူတွေ့လိုက်ရသည်။

ဘာတွေလဲဟာ..................

ထို့ပြင် ပြုံးလိုက် ငိူလိုက် တစ်ယောက်တည်းစကားတွေပြောနေသော ဆံပင်စုတ်ဖွားနဲ့မိန်းမကြီးတစ်ယောက်ကို လူနှစ်ယောက်ထိန်းထားသည်ကိုလည်း မင်းခမြင်ရ၏။

ဟာ................ဟိုကောင်ပဲ........ဘာလို့ငါအမြဲတမ်းသူနဲ့ဆုံနေရတာလဲမသိဘူး............

သေချာကြည့်လိုက်မှ Mr.Jackနဲ့စကားများနေသူက သူ့ကယ်တင်ရှင် playboyလေးမှန်းသူသိလိုက်ရသည်။

Mr. Jackက သောက်လက်စ အရက်ခွက်တစ်ခွက်ကိုဘေးစားပွဲသို့တင်လိုက်ပြီး ထိုင်ခုံမှထလိုက်သည်။

"မင်းက လူတွေကိုတော်တော်လှည့်စားတတ်တယ်ဆို?"

"ခင်ဗျား..ဘာပြောချင်တာလဲ"

Nameless Playboy (Complete)Where stories live. Discover now