Part-15

7.4K 472 11
                                    

(Uni) သို့သော်လည်းယခုသူမနှင့်တူတူထိုင်နေရသည်မှာအေးချမ်းနေသည်ကလွဲလို့ အလင်းသိပ်မခံစားရတော့ပေ။ ဒါဟာခင်မင်မူသပ်သပ်ပဲလားဟု သူတွေးမိသည်။ စတွေ့ချင်းကခံစားချက်နဲ့ယခုခံစားချက်ကနည်းနည်းမျှမတူတော့။

"ဟေ့ ရပြီ...သွားမယ်လေ".

ထိုစဉ်မင်းခလာခေါ်တာကြောင့် ထိုနေ့ရဲ့ရင်အခုန်ရဆုံးအချိန်လေးတွေကိုဖျက်သိမ်းပြီး...အိမ်သို့ပြန်လာခဲ့ကြရသည်။

...................................................................

အလင်းနဲ့မင်းခ အတူတူနေလာတာလည်းဘာလိုလိုနဲ့ တစ်လတောင်ပြည့်သွားပေပြီ။ အလင်းက မင်းခကိုပိုပိုပြီးခင်တွယ်လာသည်။.ပြတိုက်မှအလွန်းနဲ့လည်းအတော်ပင်ရင်းနှီးသွားသည်။

အလင်းဟာအခုဆိုလျှင် ရိုးသားကြိုးစားသောပြတိုက်လမ်းပြမှူးလေးပင်ဖြစ်နေသည်။ လူများကလည်းသူ့လမ်းညွှန်မူကိုပို၍ကျေနပ်ကြသည်။ အသံအေးအေးလေးနဲ့ စိတ်ရှည်စွာသမိုင်းရာဇဝင်ကိုရှင်းပြတာမို့ လူအားလုံးကိုသူ့ကိုပိုအားထားကြသည်။ အချို့သောလမ်းပြမှူးများပင် သူ့ကိုမနာလိုရတဲ့အထိဖြစ်လာရသည်။

"အလင်း...."

"ပြောလေ ကိုမင်းခ"

"ငါဒီနေ့ လေ လံတင်ပွဲသွားစရာရှိတယ် ပြတိုက်ကိုမင်းကြည့်ထားလိုက်နော်"

"ဟုတ်ကဲ့ပါ ကိုမင်းခ စိတ်ချချသာသွား 😊😊"

အလင်း ကိုယုံကြည်ကာ မင်းခ ကားသော့နဲ့ဖိုင်တစ်ချို့ယူကာ ပြတိုက်မှထွက်သွားလေသည်။

အလွန်းကလည်း သူ့ကိုအရမ်းခင်နေမိသည်။

"အလင်း...."

"သြော် မမပါလား...."

သူမ အလင်းထိုင်နေသောခုံတန်းလေးပေါ်ဝင်ထိုင်မိသည်။

"ယောကျာ်းလေးတိုင်း အလင်းလိုရိုးသားဖြောင့်မတ်ပြီးကြိုးစားရင်သိပ်ကောင်းမှာပဲ"

"မမ မြှောက်ပြန်ပြီ။ "

"တကယ်ပြောတာ...မမတို့လမ်းကြားကကောင်လေးတွေဆိုရင် မင်းအရွယ်လောက်ပဲရှိမယ် အကုန်ကလေကချေတွေသိလား......"

Nameless Playboy (Complete)Where stories live. Discover now