Part-3

14K 828 13
                                    

(Unicode) မင်းခတစ်ယောက်မှာ အလုပ်ဆင်းချိန်ဖြစ်တာကြောင့် သိမ်းစရာရှိတာသိမ်းပြီး အိမ်သု့ိကားနှင့်ပြန်လာလေသည်။ သို့သော်သူ့အနေနှင့်ဒီနေ့ကားစီးရသည်ကား ခံစားချက်တစ်မျိုးဝင်မိသည်။ နောက်ကြည့်မှန်မှ ကားတစ်စီးသူ့နောက်လိုက်နေသည်ကိုသူ သတိထားမိသည်။

သူတို့ကဘာတွေလဲ. . . . . . . . . .

မင်းခတွေးနေစဉ်မှာပင် ထိုကားမှာသူ့အရှေ့သို့ကျော်တက်သွားသည်။

ဝုန်း.... . . .. . .ဟာ.........

ထိုကားကသူ့ရှေ့လမ်းကိုပိတ်လိုက်တာကြောင့် သူဘရိတ်အုပ်လိုက်ပြီးကားထဲမှာထွက်လာမိလေသည်။

"ခင်ဗျားတို့ကားကိုဘယ်လိုမောင်းလာကြတာလဲ ကျုပ်ဘရိတ်မအုပ်ရင် တိုက်မိပြီဗျ သိလား"

"ဘယ်လိုပဲနေနေ မင်းသေရင်ပြီးတာပဲကွ"

"ဗျာ!"

သူတို့ရဲ့ကြောက်စရာစကားများနှင့် သူတို့အုပ်စုကိုကြည့်ပြီး မင်းခထိတ်လန့်မိသည်မှာအမှန်။

ထို့နောက်သူတို့တွေ မင်းခဆီသို့တိုးလာကြလေသည်။ မင်းခခြေလှမ်းများနောက်သို့ဆုတ်မိရင်း....

"ခင်. .ခင်ဗျားတို့ရှေ့တိုးမလာနဲ့နော် ရဲ ရဲကိုဖုန်းဆက်လိုက်မှာ"

ပြောရင်းဖုန်းကိုလှမ်းထုတ်လိုက်စဉ် ဖုန်းကိုင်လိုက်သောသူ့လက်မှာ ပူထူပြီးနာကြင်သွားလေသည်။

"အား း း း း း း း"

ထိုလူတွေသူ့လက်ကိုတုတ်နဲ့ခပ်ပြင်းပြင်းရိုက်လိုက်တာကြောင့် လက်ကောက်ဝတ်မှာနာကြင်ပြီးသွေးတွေထွက်လာလေ၏။

"ဟေ့ကောင်တွေသတ်တော့"

မင်းခထွက်ပြေးဖို့ရွယ်နေတဲ့သူ့ခြေထောက်တစ်ဖက်ကို တစ်ဖက်ကတုတ်နဲ့ထပ်ရိုက်လိုက်၍ မြေပြင်ပေါ်လဲကျသွားလေသည်။

"ကယ်ကြပါ. . . . . . . .အား. .. .. .. .. "

"အော်မနေနဲ့ မင်းကိုဘယ်သူမှလာမကယ်ဘူးရယ်"

မပြေးနိုင်တော့ပဲ လဲသွားသောမင်းခမှာ သူ့ကိုသတ်ဖို့ရွယ်နေသော လူတွေကိုကြောက်လန့်စွာကြည့်ရင်း ကူညီရာမဲ့ဖြစ်နေသည်။ သူ့ကိုသတ်တော့မယ်မှန်းသိ၍ မြေပြင်ပေါ်လဲလျက်လေး မျက်လုံးကိုစုံမှတ်လိုက်သည်။

Nameless Playboy (Complete)Where stories live. Discover now