Part-24

6.3K 403 6
                                    

(Uni) "အလွန်း....မင်းပြောတာသေချာလို့လားကွာ....."

အရမ်းကြာလာသောကြောင့်  မင်းခ..အလင်းကိုစိတ်ပူလာလေသည်။ ချက်ချင်းထိုင်ခုံပေါ်မှ ထလိုက်၏။

"မင်းခဘယ်လဲ....."

အလွန်းလည်း သူ့ကိုလက်လွတ်မခံသည့်နှယ် လက်ကိုထပ်ဆွဲထားလေသည်။

"မင်းငါ့လက်ကိုလွှတ်.....အလင်းဘယ်ကိုသွားနေတာလဲ...အလင်းဒီမှာရှိနေတာဟုတ်ရောဟုတ်ရဲ့လား...မင်း..မင်းငါ့ကိုဘာတွေလိမ်ထားတာလဲ...အလင်းအခုဘယ်မှာလဲ.."

မင်းခ အရမ်းပြာယာခတ်နေသည့်ပုံစံနှင့်......အလွန်းကိုလည်းမယုံကြည်သလိုကြည့်နေမိသည်။

အလွန်းလည်း သူမုန်းသောထိုနာမည်ကို သူချစ်ရသောမင်းခနူတ်ဖျားမှကြားနေရ၍ အတည်ပင်ခံစားရသည်။

"မင်းခ.....ဘာလို့ အလင်း...အလင်း...အလင်းလို့ပဲမေးနေတာလဲ.....သူရှိပါတယ်ဆိူနေမှပဲ...."

"ရှိရင်ဘယ်မှာလဲ......ဘာလို့ကြာနေရတာလဲ....အလွန်းငါ့ကိုမညာနဲ့ကွာ....ငါစိတ်ရှူပ်လာပြီ"

သူစိတ်တိုအရမ်းတိုပြီး အလွန်းပုခုံးနှစ်ဖက်ကိုညစ်ကာ မေးနေမိ၏။

"ဘာလို့လဲ....သူတစ်နေရာရာမှာရှိမှာပေါ့....ဘာလို့သူ့ကိုပဲစိတ်ပူနေရတာလဲ နေရာတိုင်းမှာဘာလို့သူပဲဖြစ်နေရတာလဲ....သူမရှိတော့ရောဘာဖြစ်မှာမို့လို့လဲ "

"အလွန်း......မင်းခုနကပြောတော့သူကအပြင်ခဏထွက်သွားတာဆို?....ခုကျသူမရှိတော့ရော.တဲ့...ဟုတ်လား......အစကတည်းကသူဒီမှာမရှိတာလား....မင်းငါ့ကိုညာတာလား....ပြောစမ်း! ! ! ! !"

မင်းခစိတ်တိုပြီး အလွန်းကိုလှူပ်ခတ်မေးလေ၏။ အလွန်းတစ်ယောက်လည်း မင်းခဤကဲ့သို့ဖြစ်နေသည်ကိုကြည့်၍ မျက်ရည်တွေပါးပြင်ပေါ်စိုရွှဲနေပေသည်။

"မင်းခ.......သူ့ကိုမေ့လိုက်ပါလား....နင့်ဘေးမှာငါတစ်ယောက်လုံးရှိတယ်လေဟာ....ပြီးတော့သူကယောကျာ်းလေးလေ. နင်နဲ့ချစ်လို့မှမရတာ...ငါနင့်ကိုအရမ်းချစ်တယ်မင်းခရယ်..သူ့ကိုမရှာပါနဲ့တော့နော်....ငါနင့်ကိုအစွန့်လွှတ်မခံနိုင်တော့ဘူး...မင်းခရယ်"

Nameless Playboy (Complete)Where stories live. Discover now