Part-10

9.7K 577 3
                                    

(Unicode) ဘာစကားတစ်ခွန်းမှမပြောပဲတိတ်ဆိတ်စွာ ကားပေါ်သို့ နှစ်ယောက်သား လိုက်ပါစီးနှင်လာကြသည်။ မကြာခင်မင်းခအိမ်လေးသု့ိပြန်ရောက်လာ၏။

ကားရပ်ပြီးမင်းခ ကားပေါ်ကဆင်းတဲ့အထိ.အလင်းမဆင်းသေး။

မင်းခ နောက်ကားတံခါးကိုဖွင့်ပြီး အလင်းကိုဆွဲထုတ်လိုက်သည်။

"အား.......ဘာလုပ်တာလဲ"

အရှိန်နဲ့ဆွဲလိုက်တာကြောင့်. အလင်းလက်အကြောတင်သွားသည်။

"အိမ်ရောက်နေပြီလေ...ဆင်းတော့လို့ပြောနေတာကို...သွား...အိမ်ထဲဝင်..."

အလင်း.pov(သူ့အိမ်စေများထင်နေလားမသိဘူး...အရမ်းမောက်မာတာပဲ.."

အလင်းနူတ်ခမ်းကြီးဆူပုတ်ပြီး မဝင်ချင်ပဲအိမ်ထဲဝင်လိုက်ရသည်။.အိမ်ထဲရောက်တော့ မင်းခ.ဆွတ်ဖာတစ်ခုပေါ် ထိုင်ချလိုက်သည်။.အလင်းကမတ်တတ်ကလေးဘာလုပ်လို့ဘာကိုင်ရမယ်မသိ။

"ဘာလုပ်နေတာလဲ..မင်းအလုပ်က သန့်ရှင်းရေးပါဆိုနေ...လုပ်တော့လေကွာ"

မင်းခ ခိုင်းစေမူကြောင့်.သူအိမ်ပတ်ဝန်းကျင်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ရှင်းလင်းပြောင်လက်နေ၍ သူဆွံ့အသွားသည်။

"ကျွန်တော်ကဘာကြီးကိုရှင်းရမှာလဲ...ဒီလောက်သန့်ရှင်းနေတာကို......ခင်ဗျားနော် ကျွန်တော့်ကိုလာဂျင်းမထည့်နဲ့...ခင်ဗျားအိမ်လာနေလို့.ခင်ဗျားအိမ်လည်းအပေါစားဆန်နေဦးမယ်..အိမ်ပြန်မယ်"

အလင်းကတကယ်ပင်ပြောရဆိုရခက်သည့်ကောင်လေးတစ်ယောက်ပုံစံပင်။ အိမ်တံခါးဆီသို့လှည့်ထွက်သွားသော အလင်းကို မင်းခအပြေးလှမ်းဆွဲဖမ်းလိုက်ရာ အရှိန်လွန်သွားပြီး ကြမ်းပြင်ပေါ်သို့လဲကျသွားသည်။ အလင်းကအောက်မှလဲကျသွားသည်ကိုသတိထားမိ၍ ကြမ်းပြင်နှင့်ခေါင်းတိုက်မိမည်ဆိုးသဖြင့် မင်းခသူ့လက်ကို အလင်း၏ခေါင်းအောက်ခံထားလိုက်သည်။ နှစ်ယောက်သားရင်ချင်းကပ်လျက် လဲကျသွားတာကြောင့် ရင်ခုန်သံများကအတိုင်းသားသာကြားနေရပေသည်။

"မင်းကို..ဘယ်မသွားရဘူးလို့ငါပြောထားတယ်လေ"

ထိုအထိပင်သူတို့စကားများလို့မဆုံး😁။

Nameless Playboy (Complete)Where stories live. Discover now