Part-28

6.6K 464 15
                                    

(Uni) No1 playboyလေးလည်း သူတို့ကလပ်ကိုပြန်လာပြီး သူ့ရဲ့အခန်းဆီသို့ လေတချွန်ချွန်နဲ့လျှောက်လာလေသည်။

ကျွီ..............~~~~~~~........~.~.....

အခန်းမှာနှစ်ယောက်တစ်ခန်းဖြစ်သည့်နှယ်.....သူကုတင်ဘေးကကုတင်တစ်ခုမှာ ကောင်လေးတစ်ယောက်ခွေအိပ်နေသည်ကိုတွေ့ရ၍ playboyလေးသက်ပြင်းတစ်ချက်ချလိုက်သည်။

"ဟင်း.........ငါဒီနေ့တွေ့ခဲ့တယ် မင်းခဆိုတဲ့သူကို........သူကတော့အရင်အတိုင်းပဲမပြောင်းလဲဘူးထင်တယ်.....အချစ်ကြီးတယ်ဆိုတာ...."

playboyလေး ထိုသူ့ကုတင်နားသွားထိုင်ပြီး သူ့ပုခုံးကိုအသာပုပ်ပြီးနှစ်သိမ့်ပေးလေ၏။

"မင်းကမပြောနဲ့ဆိုလို့သာ.......ငါပြောချင်နေတယ်.....ဘာလို့မင်းဒီလိုနေနေတာလဲ.....တစ်ခါလောက်သွားတွေ့ပါလား.....မင်းသူ့ကိုမလွမ်းဘူးလား....."

သူထိုသို့ပြောသော်လည်း တစ်ဖက်ကဘာမှတုံ့ပြန်ခြင်းမရှိ။

"တော်ပြီ...မင်းဒီလိုနေနေတာတော်သင့်ပြီလို့ထင်တယ်.....မနက်ဖြန်အပြင်လျှောက်သွားရအောင်....မင်းစိတ်တွေပေါ့ပါးသွားအောင်.....လိမ်မာတယ်နော်....မင်းလိုက်ခဲ့ရမယ်....."

သူအရူးတစ်ယောက်လိုတစ်ဖက်လူကဘာမှမပြောပဲ သူပဲပြောနေပေသည်။

မင်းခတစ်ယောက်မှာ အိမ်တံခါးဝနားရပ်၍ တစ်ယောက်သောသူကိုထပ်၍လွမ်းဆွတ်နေမိသည်။

*အလင်းရယ်....ငါတို့အချစ်တွေပြည့်နှက်နေခဲ့တဲ့ မိုးရာသီလေးကုန်ဆုံးသွားခဲ့ပြီနော်...ဆောင်းရာသီရဲ့အေးချမ်းခြောက်သွေ့မှူတွေကငါ့ကိုအထီးကျန်စေတယ်ကွာ.....ငါမင်းကိုသေပြီဆိုတာလုံးဝမယုံနိုင်သေးဘူး..အလင်းရယ်.....*

ကောင်းကင်မှ မိုးတိမ်ကင်းစင်နေသောညနေခင်းလေးက..မင်းခအတွက် အလွမ်းထပ်၍ပိုစေခဲ့သည်။

အလွမ်းမှိူင်မှိူင်နေသောသူ့ကို.....ခြံအပြင်မှတစ်ယောက်သောသူ ချောင်းကြည့်နေခဲ့သည်။ ထိုသူရဲ့မျက်ဝန်းမှာလည်းမျက်ဝန်းထဲမျက်ရည်အပြည့်လျှံပယ်၍နေသည်။ ဦးထုပ်အနက်နှင့် maskကိုတပ်ဆင်ထားတာကြောင့် မည်သူမည်ဝါမှန်းသည်းကွဲစွာမသိရပေ။

Nameless Playboy (Complete)Where stories live. Discover now