Part-8

10.6K 615 4
                                    

(Unicode) ကားတစ်စီးတွင်ပါတော်မူသွားသော မခမ်းလှိူင်မှာ သချင်းတွေပျော်ပျော်ကြီးအော်ဆိုလိုက်...ငိုလိုက်နှင့် Mr.Jackတပည့်တွေနားညီးကုန်သည်။

"ဟေ့ကောင်ရာ အဲ့မိန်းမကြီးနားညီးတာကွာ"

"ဟုတ်ပါ့ဗျာ...ဒါမယ့်သူကိုအိမ်ထိရောက်အောင်ပို့ပေးရဦးမယ်...ဟိုရှေ့ဆိုရောက်ပြီမလား"

"အေး.....ရောက်ပြီဟ"

မကြာခင်မှာပဲ သူမအိမ်လေးဆီသိူ့ရောက်တော့ ကားရပ်လိုက်ပြီး ကားတံခါးကိုဖွင့်လိုက်သည်။

"ဟဲ့ အရူးမကြီး ခင်ဗျားအိမ်ရောက်ပြီ ဆင်း"

ထိုသို့ပြောနေစဉ်မှာပဲ.. မခမ်းလှိူင်းပျော်ပျော်ကြီးကားပေါ်မှပြေးဆင်းသွားသည်။

"ဟေ့...အိမ်ထဲဝင်လေ"

"ထားလိုက်ပါကွာ.....အိမ်ပြန်ပို့ပေးထားပြီပဲ မဝင်တာ ဝင်တာသူ့ကိစ္စ.. ဒိုးမယ်လာ"

ထိုသူတွေမှာ ပြန်ထွက်သွားကြလေတော့သည်။ မခမ်းလှိူင်တစ်ယောက် လမ်းပေါ်လွတ်လပ်စွာပြေးလျှောက်နေလေသည်။

"ဟေ့...ဟေ့...... ပျော်တယ်ဟေ့.........ပျော်တယ်ဟေ့"

ကံကြမ္မာကသူ့ဘဝကိုအဆုံးသတ်ပေးချင်ဟန်ရှိသည်။ ရူးကြောင်နေသောသူမမှာ ကားလမ်းပေါါ်ရောက်ကာ..ကိုးယို့ကားယားလမ်းလျှောက်နေစဉ်..ကုန်တင်ကားတစ်စီးအရှိန်ပြင်းစွာမောင်းနှင်လာလေသည်။
.. .............တီ....တီ............

ကားဟွန်းတီးနေသည်ကိုပင်.သူမကလက်နှစ်ဖက်ဆန့်လျက် ရင်ကော့ကာ ကားကိုပျော်ရွှင်စွာကြိုဆိုနေသည့်ဟန်။

"ငါ့ယောကျာ်းလာပြီ............ငါ့ယောကျာ်းလာပြီ....ယောကျာ်းရေ"

ဒုန်း း း း း း း း း း း း း း း း း း း း း း း း း း း း း း

ဟွန်းတီးနေသည့်ကြားမှ ရှေ့တိုးလာသည့်အတွက်ကားမှအရှိန်မထိန်းနိုင်ပဲ သူမကိုဝင်ဆောင့်သွားလေသည်။

ဒုန်း း း း း း း း း း း း း း း း း း း း း

တံခါးကြီးမှာကျယ်လောင်စွာပွင့်လာတာကြောင့် မင်းခထိုဘက်သို့လှည့်ကြည့်လိုက်သည်။

Nameless Playboy (Complete)Where stories live. Discover now