Part-32

12.3K 489 32
                                    

(Uni) နောက်နေ့မနက်မှာ မင်းခစောလင်စွာ နိုးနှင့်နေသည်။ အလင်းတစ်ယောက်မနေ့ကအရှိန်များနှင့် ပင်ပန်းကာအိပ်နေတုန်း😁

မင်းခ သူ့ရင်ခွင်ထဲမှာအိပ်နေသော အလင်းမျက်နှာလေးကိုကြည့်ရင်းတစ်ချက်ပြုံးလိုက်သည်။

*မင်းဘယ်လိုနေနေ ဘာလို့ချစ်ဖို့ကောင်းနေရတာလဲမသိဘူး အရမ်းချစ်တာပဲအလင်းရယ်........*

သူအသည်းယားလွန်းလှ၍ အလင်းနူတ်ခမ်းလေးကို တစ်ချက်ဖိကပ်နမ်းလိုက်ပြီးမှ အိပ်ယာကထလိုက်သည်။ ရေချိုးခန်းထဲဝင်ကာ ရေချိုးပြီးသည်အထိ ထိုကလေးမထသေး။

"အလင်း.....ထတော့လေ.... မိုးလင်းနေပြီ"

"ဟင်........~~~~"

မင်းခလှူပ်နှိူးတော့ ပိတ်ထားသောမျက်လုံးကိုလက်ခုံနှင့်ပွတ်သပ်၍ ည ည်းညူကာနိုးထလာလေသည်။

"အိပ်ပုပ်.......ကိုးနာရီထိုးနေပြီ..... ထတော့လေ"

"သူများကိုအိပ်ပုပ်လို့လာမပြောနဲ့ ကိုမင်းခလုပ်လို့..ဖြစ်ရတာကို.."

"ကိုယ်မင်းကိုဘာလုပ်လို့လဲ "

"ဘာလို့မနေ့ကလူကိုသေအောင်လုပ်တာလဲ....အရမ်းနာလို့သေတော့မယ် အခုတောင်နာနေတာ.."

"😳😁😁ခုထိနာနေသေးလို့လား....တောင်းပန်ပါတယ်ကလေးရယ်    ကိုယ် move ဝင်သွားလို့ပါ.   ဒါကသူများနေရာဆိုတော့နေရခက်တယ် ကိုယ့်ဆီကိုပြန်လိုက်ခဲ့ပါလား....ကိုယ်တို့ရဲ့အိမ်ကိုသွားမယ်လေ"

မင်းခစကားကြောင့် သူအိပ်ယာပေါ်မှကုန်းကြုံးထလာသည်။

"မရလောက်တော့ဘူး....."

"ဘာမရတာလဲ ဟင်?"

"ကျွန်တော်ဒီမှာတော်တော်အကြွေးတင်နေပြီ....... ကျွန်တော့်ရဲ့ဒဏ်ရာတွေကုပေးတဲ့စရိတ်တွေကအရမ်းများလို့ ဒီမှာဝန်ထမ်းတစ်ယောက်အနေနဲ့ ဆက်နေပြီးအကြွေးဆပ်ရမှာ....ကျွန်တော်ထွက်သွားလို့မရဘူး......"

ထိုသို့ထိုသို့သောစကားတွေကိုကြားရတော့ မင်းခပြန်၍ဝမ်းနည်းလာသလို အလင်းကိုသူ့ရင်ခွင်ထဲဆွဲသွင်းဖက်လိုက်သည်။

"ဟင့်အင်း.......မင်းကိုပင်ပန်းတဲ့အလုပ်တွေထပ်မလုပ်စေရတော့ဘူး ငါတစ်ယောက်လုံးရှိတယ် သူတို့လက်ထဲမှာတင်နေတဲ့အကြွေးတွေကိုငါပြန်ဆပ်ပေးမယ် စိတ်မပူပါနဲ့ အဓိကကမင်းကိုယ့်ဆီပြန်လိုက်ခဲ့ဖို့ပါပဲ.....နော်...... ပြန်လိုက်ခဲ့ပေးပါ....."

Nameless Playboy (Complete)Where stories live. Discover now