Part-13

7.8K 494 6
                                    

(Unicode) နောက်နေ့မနက်ရောက်သော်...........

"အလင်း....ကြာတယ်ကွာ.....မြန်မြန်လုပ်......"

"ဟုတ်....လာပါပြီဗျာ...."

အလင်းတစ်ခုခုကိုနောက်ဖွက်ထားသည့်ဟန်နှင့်....ကားထဲဝင်လာသည်။ မင်းခသူ့နောက်မှာဖွက်ထားသည့်အရာကိုသိချင်မိ။

"အလင်း....မင်းနောက်ကဘာလဲ...."

"ခင်ဗျားသိဖို့မလိုပါဘူး........"

ထိုသု့ိပြောခြင်းက မင်းခစိတ်ကိုဆွနေသလိုပင်။ သိချင်စိတ်နဲ့နောက်ဖွက်ထားသည့်အရာကိုအတင်းဆွဲယူလိုက်ရာ.....

အား................ကျွတ်......ကျွတ်............

ဆူးရှသောအရာတစ်ခုကြောင့် မင်းခလက်ညှိူးသွေးစို့သွားသည်။

"ကဲဗျာ.....ကျွန်တော်ပြောသားပဲ.... မလုပ်ပါနဲ့ဆိုတာကို...."

အလင်း သူ့လက်ထဲမှာဖွဖွလေးကိုင်ထားသောထိုနှင်းဆီပန်းလေးကို ဘေးချပြီး မင်းခလက်ကိုလှမ်းကိုင်လိုက်သည်။

"ဘာလုပ်မလို့လဲ"

မင်းခမေးနေစဉ် အလင်းသူ့ပါးစပ်ထဲ မင်းခလက်ညှိူးကိုစုပ်ငုံလိုက်သည်။ နူးညံ့ပူနွေးသောလျှာနှင့်ထိတွေ့လိုက်ရ၍ မင်းခလက်တွန့်သွားသည်။

"ရပြီ.....ခုနကအနာဖြစ်မှာဆိုးလို့ခုလိုလုပ်ပေးလိုက်တာ"

"အောင်မာ......အနာကအဲ့လိုလုပ်ရင်ပျောက်တယ်တဲ့လား"

"ဟုတ်တယ်လေ....လူတစ်ယောက်ရဲ့တံတွေးကကမ္ဘာ့အကောင်းဆုံးဆေးတစ်လက်ပဲဆို....ခင်ဗျားစာအုပ်ထဲကပါတာပဲလေ"

"ဟုတ်ပါပြီဗျာ......မင်းလုပ်ပေးလို့ငါ့ဒဏ်ရာကသက်သာသွားမှာပါ ကျေးဇူးတင်ပါတယ်ဆေးဆရာရယ် ဒါနဲ့အဲ့နှင်းဆီပန်းက......"

"ဟဲ.....ဟိုဘက်ခြံက ခိုးခူးလာတာ "

"ဘာလို့ခိုးခူးတာလဲဟ"

"ခင်ဗျားအိမ်မှာကသစ်ပင်ကြီးတွေပဲရှိတာ ဒီလိုအလှပန်းလေးတွေမှမစိုက်တာ လူပျင်းကြီး...အဲ့ဒါကြောင့်မို့ခိုးခူးလာတာ😁😁"

"ဘာလဲမင်းကငါ့ကိုဖားချင်လို့ပန်းလာပေးတာလား 😎😎😎"

"သေလိုက်လေဗျာ.....ခင်ဗျားပေးဖို့စိတ်ကူးထဲမှာတောင်မရှိဘူး....ဒါကမမလွန်းကိုပေးမလို့."

Nameless Playboy (Complete)Where stories live. Discover now